Pages

Friday, June 28, 2013

အိန္ဒိယ ရေကြီးမှုကြောင့် သေဆုံးသူတွေ အလောင်း စတင်မီးသဂြိုလ်

ဇွန်လ ၂၈ ရက်


အိန္ဒိယနိုင်ငံက ရေကြီးမှုကြောင့် သေဆုံးသွားသူတွေရဲ့အလောင်းတွေကို အာဏာပိုင်တွေက စတင်မီး ရှို့သဂြိုလ် နေပြီဖြစ်ပါတယ်။

အလောင်းတွေကိုမီးသဂြိုလ်ဖို့အတွက် ထင်းတွေစုဆောင်းသယ်ဆောင်နေပုံ (Credit: AFP) ရေကြီး မှုကြောင့် သေဆုံးသူဦးရေ တစ်ထောင်လောက်ရှိခဲ့ပြီး အခုဆိုရင် ရေကြီးမှု အဆိုးဆုံးခံခဲ့ရတဲ့ ဒေမှာ သေ ဆုံးသွားသူတွေရဲ့ အလောင်း ၂၀၀ ကို အာဏာပိုင်တွေက မီးရှို့သဂြိုလ်ခဲ့ပြီလို့ သိရပါတယ်။

သေဆုံးသူတော်တော်များများဟာ ဘယ်သူဘယ်ဝါမှန်း ရုပ်သွင်သဏ္ဍန်မမှတ်မိနိုင်တော့တဲ့အတွက် မှုခင်း ဆိုင်ရာကျွမ်းကျင်သူတွေကတော့ သေဆုံးသွားသူတွေရဲ့ မျိုးရိုးပီဇ DNA ကိုရယူနေသလို ဓါတ်ပုံတွေလည်း ရိုက်ကူးထားကြတယ်လို့ ဆိုပါတယ်။

တပတ်ကျော်လောက်ရှိပြီး တောင်ပေါ်တွေမှာ သောင်တင်နေတဲ့ ဟိန္ဒူဘုရားဖူးတွေနဲ့ ကမ္ဘာလှည့် ခရီး သည်တွေကိုလည်း အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်တွေနဲ့ လိုက်လံ ကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးနေ တယ်လို့ ဆိုပါတယ်။

radioaustralia

No comments:

Post a Comment