ဇွန်လ ၂၈ ရက်
ဇွန်လ(၂၅)ရက်နေ့က ကွယ်လွန်သွားသည်ဖြစ်သော အသက်(၃၆)နှစ်ရှိ
ဦးမောင်ဝင်းမြင့်၏ နာရေးကိစ္စအတွက် မဇ္ဈိမလူမှုကူညီရေးအသင်းသို့ ဆက်သွယ်၍
အကူအညီတောင်းခံလာရာ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသားများက သွားရောက်၍ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
သေဆုံးသူ ဦးမောင်ဝင်းမြင့်သည် ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက အိမ်အောက်သို့
ခဏဆင်းပြီး အရက်သောက်သည်။ အရက်သောက်ပြီး အိမ်ပေါ်သို့ ပြန်ရောက်ပြီး
ခဏအကြာမှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးဖြစ်သူ ဦးရခိုင်ကြီးသည်
သေဆုံးသူနှင့် ဆွေမျိုးတော်စပ်ပြီး နာရေးကိစ္စအတွက် ၎င်းမှပင် အသင်းသို့
ဖုန်းဆက်ကာ အကူအညီတောင်းခံခြင်းဖြစ်သည်။ သေဆုံး၏ ရုပ်လောင်းအား ခေါင်းထဲ
ထည့်နိုင်ရန်အတွက်မဟာမြတ်မုနိကျောင်းတိုက်မှ အခေါင်းတစ်လုံးကို
ယူဆောင်ပြီး လူသေလောင်းအား အနံ့မထွက်စေရန်အတွက် ဆေးထိုးပေးမှုများ နှင့်
အခေါင်းအတွင်းထည့်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဇွန်လ(၂၇)ရက်နေ့တွင် သေဆုံးသူအား မီးဂြိုင်္ဟ်နိုင်ရန်အတွက် မြို့မသုဿန်သို့
သယ်ဆောင်လာကာ အမျှပေးဝေ တရားနာရာ မဇ္ဈိမလူမှုကူညီရေးအသင်း၏
နာရေးကူညီမှု(၄၄)ကြိမ်မြောက်တုန်းက ပြုလုပ်ခဲ့သည့်အတိုင်း မကျွတ်မလွတ်သေးသူ
နာနာဘာဝများအား ဖိတ်ခေါ်ကာ တရားနာ၍ အမျှပေးဝေခဲ့ကြသည်။
ထို့နောက်မှာတော့ သေဆုံးသူ၏ ရုပ်လောင်းအား မီးသင်္ဂြိုဟ်ရန်အတွက် မီးရှို့ခုံသို့ သယ်ဆောင်ခဲ့ပါတော့သည်။
မဇ္ဈိမလူမှုကူညီရေးအသင်း

No comments:
Post a Comment