Pages

Friday, June 21, 2013

ဦးဝီရသူတို့ ဦးဆောင်ပြီး ကျင်းပမယ့် မျိုးစောင့်ဥပဒေညီလာခံကို သီတဂူဆရာတော်တက်ရောက်မည်


ဇွန်လ ၂၁ ရက် ၂၀၁၃

မြန်မာနိုင်ငံမှာ အခုတလော ရေပန်းစားနေတဲ့ ဥပဒေ။ “မျိုးစောင့်ဥပဒေ”တဲ့။ နာမည်လေးကိုက  လေးစား
စ ရာကောင်းတယ်။ ဒါကိုမှ မကြိုက်ဘူးဆိုရင် အမျိုးမစောင့်သူ၊ ဒါမှ မဟုတ်၊ သစ္စာမဲ့နိုင်ငံသားပဲ ဖြစ်မှာပါ။

ပြည်သူတွေကတော့ သောသောညံအောင် ထောက်ခံနေကြပြီ။ ဒါပေမဲ့ တချို့ နိုင်ငံရေးသမားဆိုသူတွေ ကတော့ “မကြိုက်ရေးချ မကြိုက်”တဲ့။ ပြဿနာ မရှိပါ။

ပြည်သူတွေရဲ့ဆန္ဒနှင့်ကိုက်ညီရင်အဲဒီဥပဒေဟာအတည်ဖြစ်တာပဲ။အဲဒါနဲ့ပတ်သက်ပြီးတော့  ပြဋ္ဌာန်းဖြစ်
ဖို့အတွက်အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာ“မျိုးစောင့်ဥပဒေညီလာခံကြီး”ကို ခြိမ့်ခြိမ့်သဲ ကျင်းပတော့
မယ်။

ဒီပွဲမှာ သာသနာ့ဦးသျှောင် ဖြစ်သော သီတဂူဆရာတော်ကြီးက တက်မယ်တဲ့။ ဆရာတော်ကြီးကလဲ တက် တက်ကြွကြွပါပဲ။

သီတဂူဆရာတော်ဆိုတာ . . .

အမျိုးသားရေးအတွက်ဆိုရင် နောက်မဆုတ်၊ ပြောသင့်က ပြော၊ ရေးသင့်ကရေး။ ဆိုရေးရှိက ဆိုအပ်လှ၏ မဟုတ်လား။

မိတ္ထီလာအရေးအခင်းတုံးကလည်း“ကုလားဆိုတာဧည့်သည်၊မြန်မာဆိုတာအိမ်ရှင်”ဆိုပြီးနိုင်ငံရေးသမားတွေ
ကို အသိပေးခဲ့။

လက်ပတောင်းအရေးအခင်းတုံးက ဒုက္ခရောက်ခဲ့ကြတဲ့ သံဃာလေးတွေကို ဆရာတော်သည် အခုထိ ဆေးကုပေးနေဆဲပါပဲ။ ဖြစ်ခါစကတော့ နိုင်ငံရေးသမားတွေလာလိုက်ကြတာ ။   စိတ်မကောင်းဘူး      တို့၊
“ နိုငံရေးလောကမှာ သံဃာမပါရင် မပြီးဘူး”တဲ့။

ပြောလိုက်ကြတဲ့ စကားလုံးလှလှလေးတွ။ အခုတော့ နိုင်ငံရေးသမားတွေ ဘယ်ရောက်လို့ ရောက်မှန်း မ သိတော့။

အခု ၂၄-ရက်နေ့မှာ မလေးရှားမှာ ကြွမြန်းတော်မူမည်။ ဘာ့ကြောင့် မွတ်စလင်ကုလားတွေရဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒေါ်လာ တွေ သွားလှူတော့မယ်။

အမျိုးအတွက်ဆိုရင် ရှေ့တန်းက မားမားမတ်မတ် ရပ်တော်မူတဲ့ဆရာတ်ာကြီးပါ။ လူ့အခွင့်အရေးသမားတွေ ဘယ်ရောက်နေကြလဲ။ အပေါ်ယံရွှေမှုန့်ကြဲတွေပါလား။

ဒီကနေ့ အင်းစိန်ညီလာခံကြီးကို စီစဉ်နေကြတဲ့ သံဃာတွေကို မိန့်တယ်။

“လူ့အခွင့်အရေးဆိုတာ ဥပဒေ မဟုတ်ပါဘူး။ အမိန့်ပေးလို့ မရပါဘူး၊ သူတို့ဖာသာသူတို ကြိုက် သလောက် အော်ပါစေ၊ ငါတို့ကတော့ “အမျိုးသားရေးဝါဒ” ကို ဆုပ်ကိုင်ထားရမယ်”ဆိုတာပါပဲ။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် (၂၇-၆-၂၀၁၃) ရက်နေ့မှာ ကျင်းပ သွား မည်ဖြစ်ပြီး စာသင်တိုက်ဆရာတော်များ ဓမ္မကထိက ဆရာတော်များ ရိပ်သာဆရာတော်များ၊ ဘက ပညာရေး၊ သာရေးနာရေးဆရာတော်များ အပါအဝင် အမျိုးဘာသာ သာသနာကို ထိန်သိမ်းစောင့်ရှောက် လိုသော ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

ပြည်တွင်း ပြည်ပ မည်သည့် မီဒီယာမဆို သတင်းလာယူနိုင်ကြောင်း သိရသည်။

 
Ashin Dayweinda

No comments:

Post a Comment