Pages

Tuesday, June 18, 2013

အင်းလေးကန်ကို အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ဖြင့် ထိန်းသိမ်းမည်.


ဇွန်လ ၁၈ ရက်


အင်းလေးကန်နှင့် ပတ်ဝန်းကျင် ရေရှည်တည့်တံ့ရေးအတွက် အင်းလေးကန် အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။



ယင်းကိစ္စအတွက် သက်ဆိုင်ရာတို့က ဆွေးနွေးလျက်ရှိရာတွင် ပြည်ပအထောက်အပံ့ကိုသာ အားကိုးမနေဘဲ ခိုင်မာသောရန်ပုံငွေ တစ်ရပ်ထူထောင်သွားရန်လိုကြောင်းချက်ကိုလည်း အလေးအနက်ဆွေးနွေး သွားကြောင်းသိရသည်။ 

အင်းလေးကန်ထိန်းသိမ်းရေးအတွက် နော်ဝေနိုင်ငံမှ ထောက်ပံ့ ငွေ အမေရိကန်ဒေါ်လာ နှစ်သန်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ငါးသိန်းရှစ်သောင်းဖြင့် ဆောင်ရွက်
လျက်ရှိသည်ဟုဆိုသည်။

အင်းလေးကန်အတွင်း ၁၉၉၂ ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ ကျွန်းမျောများကို တိုးလာခဲ့ရာ ၁၄၃၄ ဧကမှ ၇၂၇၈ ဧကအထိရှိလာခဲ့ကြောင်း၊ သိြု့ဖစ်၍ ရေပြင်ဧရိယာ၏ ၂၃ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်းသိရသည်။

SkyNet TV Browser

No comments:

Post a Comment