ဇွန်လ ၂၉ ရက်
တာချီလိတ်မြို့၊ ကျောက်တိုင်ရှေ့ရှိ ဘုရင့်နောင်ရုပ်တု ရင်ပြင်အား
အများပြည်သူများ ၀င်ရောက်ကြည့်ရှုလေ့လာခွင့်ကို လုံခြုံရေးတစ်ခုကြောင့်
ပိတ်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး
ယခုအခါမှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်သည့်အတွက် ရင်ပြင်အတွင်း
ပြုပြင်မှုများနှင့် သန့်ရှင်းရေးများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း၊
တာချီလိတ်နယ်စပ်ကုန်သည်များအသင်းနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ
ပူးပေါင်းကာ ဇွန်လ(၂၉)ရက်နေ့ နံနက်(၇)နာရီက ၀ိုင်းကာဆောင်ရွက်ခဲ့ကြသည်။
ဘုရင့်နောင်ရုပ်တုအား ၂၀၀၃ခုနှစ်က မိုင်းခွဲခြင်း ခံခဲ့ရပြီးနောက်
ရင်ပြင်အား အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်ဖြစ်ရာ ယခုအခါမှာ တစ်ဖက်နိုင်ငံမှ
နိုင်ငံခြားသား ခရီးသွားများ အပါအ၀င် ဒေသခံပြည်သူများ
ဝင်ရောက်လေ့လာနိုင်ရန်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးတင်ပြခဲ့ကြရာ
ဇွန်လ(၁၁)ရက် နေ့လည်(၂)နာရီကပြုလုပ်သော ဆွေးနွေးညှိနှိုင်းမှုတွင်
တက်ရောက်လာသူများမှ အဆိုပါကိစ္စအား သဘောတူညီသည်ဖြစ်တာကြောင့် ယခုအခါမှာ
ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် ပြင်ဆင်မှုများကို
ပြုလုပ်နေကြကြောင်းသိရသည်။
ရင်ပြင်တွင် ထိုင်းနိုင်ငံဘက်မှ
လာရောက်လည်ပတ်သည့် ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသားများအနေဖြင့်
ဘုရင်နောင်ရုပ်တုအား ပူဇော်နိုင်ရန်အတွက် အမွှေးတိုင်နှင့်
ဖယောင်းတိုင်များထားရှိပေးထားမှာဖြစ်ပြီး ရင်ပြင်ဝင်ကြေးကိုလည်း
ပြုပြင်မွမ်းမံရေးရံပုံငွေအတွက် ကောက်ခံမှာဖြစ်ကြောင်း သိရသည်။
Tachileik Online News

No comments:
Post a Comment