ဇွန်လ ၂၈ ရက်
ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါဝ်စံပြကျေးရွာအတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းခွဲကျောင်းတစ်ကျောင်းနှင့် မူလွန်ကျောင်းတစ်ကျောင်းတို့ကို
ခွန်ချစ်ထွန်းနှင့် ခွန်မောင်သန်းတို့ဦးဆောင်သည့် ဆိုက်ခေါဝ်လူရွယ်များက
၂၀၁၃ ခုနှစ် ဇွန်လ ၂၆၊ ၂၇၊ ၂၈ ရက်၌ ကျောင်းသုံးစာရေးကိရိယာများနှင့်
သောက်သုံးရန် ရေအိုးများကို ထောက်ပံ့လှူဒါန်းမှု ပြုလုပ်ကြောင်း သိရသည်။
ကျောင်းသားဦးရေ ၁၁၀၀ ခန့်ရှိသော ဆိုက်ခေါဝ် (အ.ထ.က) ကျောင်းကို ၂၆၊ ၆၊
၂၀၁၃ ရက်နေ့တွင် သောက်ရေအိုး (၃၂) လုံးကိုလည်းကောင်း၊ ကျောင်းသား ၄၈၅
ဦးရှိသော ဇေယျသုခ (အ.လ.က) ကျောင်းကို ၂၇၊ ၆၊ ၂၀၁၃ ရက်နေ့တွင် သောက်ရေအိုး
(၁၃) လုံး၊ ဗလာစာအုပ်ဒါဇင် နှစ်ရာကျော်နှင့် စာရေးကိရိယာမျာကိုလည်းကောင်း၊
ကျောင်းသား ၂၉၀ ဦးခန့်ရှိသော ကန်းတန်မူလွန်ကျောင်းကို ၂၈၊ ၆၊ ၂၀၁၃
ရက်နေ့တွင် သောက်ရေအိုး (၉) လုံး၊ ဗလာစာအုပ်ဒါဇင် တစ်ရာကျော်နှင့်
စာရေးကိရိယာများကိုလည်းကောင်း အသီးသီးလှူဒါန်းသွားသည်ဟု
ဆိုက်ခေါဝ်လူရွယ်များကို ဦးစီးလုပ်ဆောင်သူ ခွန်မောင်သန်းက ပြောသည်။
ဤသို့ထောက်ပံ့ခြင်းကို ကျောင်းဖွင့်ခါစ စာသင်နှစ်တွင်
တစ်နှစ်တစ်ကြိမ်ပြုလုပ်ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း ၎င်းက
ဆိုသည်။
ထောက်ပံ့လှူဒါန်းရခြင်းရည်ရွယ်ချက်ကတော့
ကျောင်းသားမိဘများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ စသည့်ကျောင်းစရိတ်
တစ်ဖက်တစ်လှမ်းသက်သာစေရန်၊ ကျောင်းတွင်လာရောက် ပညာသင်ကြားသည့် ကျောင်းသူ
ကျောင်းသားများ ကျန်းမာရေးအထောက်အပံ့ဖြစ်စေရန်၊ သောက်ရေအိုးလှူခြင်းနှင့်
လူငယ်များအတွက် အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်လာစေရန် အဓိကရည်ရွယ်ပြီး
လုပ်ဆောင်သွားခြင်းဖြစ်သည်ဟု ပစ္စည်းထောက်ပံ့လှူဒါန်းမှုကို
ဦးဆောင်လုပ်ကိုင်သူ ခွန်ချစ်ထွန်းက ပြောသည်။
Taunggyi Time
No comments:
Post a Comment