Pages

Wednesday, June 19, 2013

တာချီလိတ် ဆေးရုံအိမ်သာအတွင်း လူတစ်ဦး ကြိုးဆွဲချသေဆုံး


ဇွန်လ ၁၉ ရက်
 

တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ ဖျားနာဆောင်၏ အိမ်သာထဲတွင် အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဇွန်လ(၁၈)ရက်နေ့ နံနက်(၈း၄၅)နာရီဝန်းကျင်က ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ် ကိုမောင်မောင်သည် ဆေးရုံ အိမ်သာအတွင်း ကြိုးဆွဲချ မသေဆုံးမီရက်ပိုင်းက ဆေးရုံအနီးအနားမှာ သွားသွားလာလာ ပြုလုပ်နေပြီး ဆေးရုံအတွင်းရှိ ထိုင်ခုံပေါ်တွင် တရားထိုင်နေတာကိုလည်း ရံဖန်ရံခါ တွေ့ရှိရကြောင်း ဆေးရုံအတွင်းရှိ လူနာတစ်ဦးမှ ပြောကြားလာသည်။ နောက်ထပ် သိရှိရသည်မှာ သေဆုံးသူသည် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူသူ မဟုတ်ကြောင်းလည်း သိရသည်။

သေဆုံးသူ၏ ဇာတိမှာ မလှိုင်မြို့မှ ဖြစ်သော်လည်း တာချီလိတ်တွင် ဆွေမျိုးသားချင်းမရှိကြောင်းသိရှိရပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေမှုသေခင်းနှင့် ပတ်သက်၍ ရင်ခွဲစစ်ဆေးပြီးနောက် နာရေးကူညီမှုကိုတော့ မဇ္ဈိမလူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
 
 

Tachileik Online News

No comments:

Post a Comment