Pages

Thursday, June 20, 2013

"ထိုင်းရောက် မြန်မာလုပ်သားလူငယ်များ HIV ကူးစက်ခံရမှု ပိုများလာ "


ဇွန်လ ၂၀ ရက်

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများတွင် HIV/AIDS ရောဂါ တွေ့ရှိရမှုမှာ အသက် ၂ဝ ဝန်းကျင် လူ ငယ်ပိုင်းတွင် ပိုများလာကြောင်း ရတ် ထိုင်းကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ မှ သိရသည်။ ''နဂိုကဆို အသက် ၃ဝ ကျော် ပိုင်းမှာပဲ တွေ့ရှိနေတာက အခု နောက် ပိုင်း အသက် ၁၅ နှစ်ဝန်းကျင် ကိုယ် ဝန်ဆောင်သည်တွေမှာပါ တွေ့လာရပါ တယ်''ဟု ရတ်ထိုင်းမှ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ဦးအောင်မင်းက ပြောသည်။

၎င်းတို့တွေ့ရှိရမှုမှာ ကိုယ်ဝန် ဆောင်များ ကိုယ်ဝန်အပ်ရာမှ စစ်ဆေး တွေ့ရှိချက်ဖြစ်သောကြောင့် ကျန်းမာ ရေး စစ်ဆေးမှုမရှိသော သူများတွင် မည်မျှရှိနေမည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြော သည်။လူငယ်များတွင် ကာလသားရော ဂါဖြစ်ပွားမှုနှုန်းမှာလည်း လွန်ခဲ့သော လေးနှစ်ခန့်ကထက်ပိုမို များပြားလာ ကြောင်းံ HIV/AIDS ရောဂါတွေ့ရှိပြီး ၎င်းတို့ဆီ ရောက်ရှိလာသော ရောဂါ ရှင်အများစု မှာ ရောဂါကျွမ်းပြီး သေဆုံးသွားသူများများပြားကြောင်း၎င်းကဆိုသည်။     ရတ်ထိုင်းကျန်းမာ ရေး    စောင့်

 ရှောက်မှုအဖွဲ့မှ ဦးအောင်မင်းက HIV/AIDS ဖြစ်ပွားသူဦးရေကို အတိအကျ စာရင်းမသိရှိရကြောင်း၊ သို့သော် လူ ပေါင်း ၃ဝဝဝ ကို စစ်ဆေးပါက ၁ဝ ဦး မှ ၁၅ ဦးခန့်တွင် HIV/AIDSတွေ့ ရှိရ ကြောင်းပြော သည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား များကို ကျန်းမာရေး၊ လူမှုရေး၊ နေထိုင် ရေး ကိစ္စရပ်များကို NGO များက စောင့်ရှောက်ကူညီ ပေးလိုသော်လည်း တရားမဝင်လုပ်သား များပြားမှုသည် ၎င်း တို့အတွက် အဓိကအခက်အခဲဖြစ်နေကြောင်း စမုဆောင်ခရမ် လွှတ်တော်အမတ် Mr.Surajit Ehirawate က ပြော သည်။ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းခန့်ရှိပြီး စမုစခွန်ခရိုင် တွင် ၅ သိန်းခန့်ရှိရာ သုံးပုံ တစ်ပုံသာ တရားဝင်နေထိုင်ကြသူများ ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

ဝေယံမိုးမြင့်

Popular Myanmar News Journal

No comments:

Post a Comment