ဇွန်လ ၃၀ ရက်
မောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်း၌ ကောက်စိုက်ပျိုးနေသော
မိုင်းခတ်ရွာနေ ရှမ်းအမျိုးသမီး ညီအစ်မ(၂)ဦးဖြစ်သော မအေးတင်က (၁၈)နှစ်၊
အငယ်မ မဌေးရီက(၁၆)နှစ်တို့အား KIA အဖွဲ့တစ်ဖွဲ့က သေနတ် များဖြင့်ချိန်၍
ဇွန် ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင်
လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
အပြစ်မဲ့သော စိုးရိမ်ဖွယ်ရာ
အခြေအနေရှိသော ထိုရှမ်းအမျိုးသမီးငယ် ညီအမနှစ်ဦးအား KIA မှ အဓမ္မ
ဖမ်းဆီးခေါ်ဆောင် ခံရခြင်းနှင့် ပက်သက်၍
ကချင်ပြည်နယ်ရှမ်းတိုင်းရင်းသားရေးရာဗဟိုကော်မတီမှ
နိုင်ငံတော်သမ္မတနှင့်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တိုင်ကြားသွားရန်
စီစဉ်မှု များ ပြု လုပ်နေတယ်လို့ သိရပါတယ်။
(၁.၆.၂၀၁၃)နေ့၊
အစိုးရနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲအပြီး လိုင်ဇာသို့ အပြန် ၀ိုင်းမော်မှာ ဒေသခံ
ရှမ်းတိုင်းရင်းသားများမှ ၄င်းတို့ရှမ်းတိုင်းရင်းသားတွေအပေါ်အတင်းအဓမ္မ
ဖမ်းဆီးခေါ်ဆောင်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ဆက်ကြေးတောင်းခံခြင်း၊
ရှမ်းတိုင်းရင်းသားများအပေါ် ဖမ်းဆီးနှိပ်စက်ခြင်းများ မပြုလုပ်ရန်
ပိုစတာများ ကိုင်ဆောင် ဆန္ဒ ထုတ်ဖေါ် ခဲ့ဖူးပါသည်။
အဲဒီအချိန်မှာ
KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်းမော်က ဖမ်းဆီး ထားသော ဒေသခံ
ရှမ်းတိုင်းရင်းသားတွေ ပက်သက်ပြီး အစီအစဉ်တွေ ရှိပါတယ်လို့
ပြောကြားသွားခဲ့ပါသေးတယ်။
ukawlay(ဧရာဝတီမြစ်ဖျားဆီက)

No comments:
Post a Comment