ဇွန်လ ၂၂ ရက်
အမေရိကန်နိုင်ငံ အခြေစိုက် navitas တက္ကသိုလ်မှ ပညာသင်ဆု လျှောက်ထားရာတွင် အားကစား ဘက်၌ ထူးချွန်သူများလည်း ပညာသင်ဆု ရရှိနိုင်ကြောင်း navitas တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်၌ ယမန်နေ့က ပြောကြားခဲ့သည်။ ယင်း navitas တက္ကသိုလ်ကြီး အတွင်းတွင် ဘောလုံး ကစားကွင်းကြီးများ၊ ဘေ့ဘော ကစားကွင်း၊ ဘတ်စကက်ဘော ကစားကွင်း များလည်း ရှိပြီး ပညာသင်ကြားခြင်း အပြင် အားကစား ပွဲများတွင်ပါ ပါဝင် ကစားကြရပြီး ကျောင်းသားများကို ဘက်စုံထူး ချွန် ကျောင်းသားများဖြစ်အောင် သင်ကြားပေးနေသော နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး တစ်ခုဖြစ် ကြောင်း သိရသည်။
အဆိုပါ navitas အမေရိကန် အခြေစိုက် တက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားရာတွင် အချက်အ လက် အထောက်အထား ပြည့်စုံသော သူများသည်လည်း ပညာသင်ဆု လျှောက်ထား နိုင် သလို ကျောင်း၏ လိုအပ်နေသော အားကစား နည်းများတွင် ထူးချွန်သော သူများသည်လည်း navitas တက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို navitas တက္ကသိုလ် သို့ တက်ရောက်ခွင့် ရသူများ ကိုလည်း ယင်းတက္ကသိုလ်မှ အထူး အခွင့်အရေး အနေဖြင့် ပညာသင် ကျောင်းသားများ၏ လိုအပ်သော တတ်ကျွမ်းမှုနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို လိုအပ်သလို ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက ဖြည့်ဆည်း သင်ကြား ပေးနေကြောင်း သိရသည်။
ထို navitas တက္ကသိုလ်သည် အမေရိကန် အခြေစိုက် ဖြစ်ပြီး မြန်မာ ကျောင်းသားများကို ယင်း တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ သင်တန်းများသို့ တက်ရောက်နိုင် ရန် ပညာပေး ဆွေးနွေးခဲ့ပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ အဓိက စိတ်ဝင်တစား လာရောက် နားေ ထာင်ခဲ့ကြကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment