Pages

Friday, July 5, 2013

တာချီလိတ်မြို့ တလော့တွင် ရေကြီးမှုများဖြစ်ပေါ်


ဇူလိုင်(၅)ရက်နေ့ 1:00AM ခန့်က စပြီး မိုးကြီးစွာရွာသွန်းမှုကြောင့် တာချီလိတ်မြို့၌ ရေကြီးမြဲဖြစ်သည့် တာလော့ရပ်ကွက်ဝန်းကျင်တွင် နံနက်(၉)နာရီအချိန်ထိ ရေများဆက်လက်ရှိနေတာကို တွေ့ရှိရသည်။

မိုးကြီးစွာရွာသွန်းမှုကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁) တံတား အနီးရှိ ခရိုင်လ၀ကရုံးသည် အစဉ်အမြဲ ရေတက်လာမှုများနှင့် ကြုံရပြီး ရုံး၏ အောက်ထပ်သို့ ရေများဝင်ရောက်နေမှုများတွေ့ရသည်။ အဆိုပါရုံး၏ ဘေးတွင်ရှိသော ရွှေနန်းတော်ကုန်တိုက်သည် နှစ်နိုင်ငံချောင်းဘေးတွင်ရှိတာကြောင့် ရေများတက်လာပြီး ကား/ဆိုင်ကယ် ရပ်တန့်သည့်နေရပ်များတွင် တခါတရံ၌ ရေမြုပ်သည်အထိဖြစ်ပေါ်တတ်သည်။

{ ခရိုင်လ၀ကရုံးမြင်ကွင်း}
{စာတိုက် မြင်ကွင်း}
"မိုးကြီးရင်တော့ တာလော့ရေကြီးတာ ထုံးစံပါပဲဗျာ၊ မိုးရွာလို ဘယ်လောက်ပဲ ရေကြီးကြီး သိပ်မကြာပါဘူး ပြန်ကျသွားတတ်ပါတယ်၊ မိုးထပ်ရွာမယ်ဆိုရင်တော့ ဒီထက် ရေတွေပိုတက်လာနိုင်တယ်"ဟု အမှတ်(၁) တံတားထိပ်ရှိ ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးက ပြောဆိုလာသည်။

{သစ်တောရုံးမြင်ကွင်း}
ဝမ်ကောင်းရပ်ကွက် စာတိုက်နှင့် သစ်တောရုံးထဲထိ ရေများတက်လာတာကိုတွေ့ရပြီး တာလော့ဈေးအတွင်း အနိမ့်ပိုင်းတွင်လည်း ရေတက်ရောက်နေမှုများ ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရှိရသည်။
{ ဗိုလ်ချုပ်လမ်းဘေး နမ့်ယွန်းချောင်း}
အထက်ပါပုံထဲတွင် မိုးကြီးစွာရွာသွန်းမှုကြောင့် အမှိုက်များခံ နေသည်ကို တွေ့ရသည်။  နမ့်ယွန်းချောင်းသည် ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် တည်ရှိနေပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အသွားအလာတွင် တွေ့မြင်ရသော ချောင်းငယ်တစ်ခုဖြစ်သည်။ အဆိုပါချောင်းတွင် အမှိုက်များ နှင့် ဘေးနှစ်ဖက်တွင် ပေါက်ရောက်နေသော အပင်များကို မည်သူမှ ခုတ်ထွင်ရှင်းလင်းနိုင်ခြင်းကို မတွေ့ရပါ။ ယခုအခါမှာ အထက်မှ ရေစီးနှင့်အတူပါလာသော အမှိုက်များမှာ တံတားနှင့် လာခံနေတာကိုတွေ့ရပြီး နံနက်(၉)နာရီအချိန်ထိ ပုံပါအတိုင်းတွေ့မြင်ရသည်။
Tachileik Online News

No comments:

Post a Comment