Pages

Saturday, July 27, 2013

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရက်ကွက်၌ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ရေခဲ (၇)ဂရမ်ခန့် ဖမ်းဆီးရမိ

27.7.2013

Photo: တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရက်ကွက်၌ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ရေခဲ (၇)ဂရမ်ခန့် ဖမ်းဆီးရမိ

27.7.2013

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့သွားလမ်းရှိ နေအိမ်တစ်အိမ်တွင် အသက်(၅၇)နှစ်အရွယ် အမျိုးသမီးထံမှ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် မက်အက်ဖီတမင်း(ရေခဲ) (၇)ဂရမ်ခန့်အား ဇူလိုင်လ(၂၆)ရက်နေ့က ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။
ဇူလိုင်လ(၂၆)ရက် နံနက်(၁၁)နာရီခန့်က တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့သည် ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့သွားလမ်းရှိ နေအိမ်တစ်အိမ်အား ကြီးကြပ်သူအရာရှိ၏ မူးယစ်ဆေးဝါးရှာဖွေ ၀ရမ်းအမှတ်(၃၇/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေနေစဉ် အဆိုပါနေအိမ်၏ အပေါ်ထပ် အိပ်ခန်းအတွင်းရှိ မွေ့ယာနှင့် အိပ်ယာခင်းအကြားတွင် ပလပ်စတစ်အိတ်ငယ် (၂၂)အိတ်ဖြင့် ထည့်ထားသော မက်အက်ဖီတမင်း(ရေခဲ) (၇)ဂရမ်ခန့်အား တွေ့ရှိရ၍ တရားခံဖြစ်သူ အသက်(၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ဖမ်းဆီးရမိသူ အဆိုပါအမျိုးသမီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ မယ(ပ) ၈၄/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik Online News

No comments:

Post a Comment