Pages

Saturday, July 27, 2013

တာချီလိတ်မြို့ ၀မ်ပုံကျေးရွာဆိပ်ကမ်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ပြား ဖမ်းဆီးရမိ

27.7.2013

Photo: တာချီလိတ်မြို့ ၀မ်ပုံကျေးရွာဆိပ်ကမ်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ပြား ဖမ်းဆီးရမိ

27.7.2013

ဇူလိုင်လ(၂၆)ရက်၊ နံနက်(၈း၃၀)နာရီအချိန်က လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းဘက်မှ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ၀မ်ပုံကျေးရွာဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် ခရီးသည်တင်ရေယာဉ်ပေါ်မှ ဆင်းလာသော အသက်(၂၀)နှစ်ရှိ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅၀)ပြား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မူးယစ်(အထူး)မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကြိုတင်ရရှိထားသော သတင်းအရ ၀မ်ပုံကျေးရွာဆိပ်ကမ်းတွင် စစ်ဆေးရှာဖွေမှုများပြုလုပ်နေစဉ် အသက်(၂၀)နှစ်အရွယ် အမျိုးသားတစ်ဦး၏ အတွင်းခံဘောင်းဘီအတွင်း မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားပြီး ပလပ်စတစ်အိတ်များဖြင့် ထည့်ထားသော WY စာတမ်းပါ နီညှိရောင် စိတ်ကြွရူးသွပ်ဆးပြား (၁၉၅)ပြားစီပါသော (၁၀)ထုပ်ကို တွေ့ရှိရာ စုစုပေါင်းအရေအတွက်မှာ (၁၉၅၀)ပြားရှိကြောင်းနှင့် အဆိုပါ ဆေးပြား၏ ကာလတန်ဖိုးမှာ ကျပ်(၃၉)သိန်းခန့်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသော တရားခံအား မယ(ပ) ၈၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ၊ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Tachileik Online News

No comments:

Post a Comment