Pages

Friday, July 12, 2013

တာချီလိတ်တွင် မီးပွိုင့်များ ပထမဆုံး စတင် အသုံးပြု

ဇူလိုင်လ ၁၂ ရက်
 
တာချီလိတ်တွင် မီးပွိုင့်များ ပထမဆုံး စတင် အသုံးပြု

မိုင်းတုံ၊ ဇူလိုင် ၁၁

ကမ္ဘာကျော် ရွှေတြိဂံဒေသ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် အချက်ပြ မီးပွိုင့်များကို ဇူလိုင် ၈ ရက်နေ့မှ စတင်၍ ပထမဆုံးအကြိမ် အသုံးပြုပြီဖြစ်ကြောင်း တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြောကြားသည်။

နယ်စပ်မြို့ဖြစ်ပြီး တစ်ဖက်နိုင်ငံမှ ယာဉ်များ အပါအဝင် ယာဉ်အသွားအလာ အဝင်အထွက်များခြင်း ကြောင့် ယာဉ် အန္တရာယ် ကင်းရှင်းရေးနှင့် မြို့ အဆင့်အတန်း မြင့်မားရေးအတွက် မေလအတွင်းမှ စတင်၍ မီးပွိုင့် တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီးပွိုင့်များကို အရေးကြီး လမ်းဆုံ ၅နေရာဖြစ်သည့် အားကစားရုံ လမ်းဆုံ၊ ပါလျှန်ဆီပန့် လမ်းဆုံ၊ အမှတ်(၂) ချစ်ကြည်ရေး တံတား လမ်းဆုံ၊ အခါဈေး လမ်းဆုံနှင့် ကျိုင်းတုံအထွက် လမ်းဆုံများတွင် ထားရှိကြောင်း ၎င်းထံမှ သိရသည်။

စည်းကမ်းမဲ့ ယာဉ်များကို ထိန်းသိမ်းနိုင်ပြီး ယာဉ်တိုက်မှုများ လျော့ကျစေ၍ မီးပွိုင့်များတပ်ဆင်ခြင်းမှာ ကောင်းမွန်သော်လည်း မီးအချက်ပြ ရေတွက်မှု စနစ်သည် အချိန်ကာလ ကြာလာပါက ချွတ်ယွင်း မှုများ ရှိလာနိုင်သဖြင့် ထိန်းသိမ်း ပြုပြင်မှုများ လုပ်ဆောင်သွားရန် လိုကြောင်း တာချီလိတ် ဒေသခံ တစ်ဦးက ဆိုသည်။

“မီးပွိုင့်စနစ်က ကောင်းတယ်၊ ဒါပေမဲ့ အထိအတွေ့ မရှိတာမို့ တော်တော် ဂရုစိုက် မောင်းနှင်ရမယ်။ အဓိကက ဆိုင်ကယ်တွေပဲ လမ်းစည်းကမ်း မလိုက်နာဘဲ မောင်းကြတာများတယ်” ဟု တာချီလိတ်-မိုင်းတုံ ယာဉ်မောင်း ဦးစိုင်းအောင်ထွန်းက ဆိုသည်။

တာချီလိတ်မြို့သည် ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာနိုင်ငံ၏ အရှေ့ဘက်ဆုံးတွင် တည်ရှိသည်။

the voice

No comments:

Post a Comment