ဇူလိုင်လ ၄ ရက်

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့
အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ( ၃ )ရက်၊ နံနက်( ၉ )နာရီက မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန် က အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာများမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ရှမ်း၊ အာခါနှင့် လားဟူ တိုင်းရင်းသူလေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Tachileik Online News
No comments:
Post a Comment