Pages

Wednesday, July 24, 2013

တာချီလိတ်မြို့၌ CDMA ထက် GSM လိုချင်သူများပြား

24.7.2013

Photo: တာချီလိတ်မြို့၌ CDMA ထက် GSM လိုချင်သူများပြား

24.7.2013

၁၅၀၀ကျပ်တန် တန်ဖိုးနည်း GSM ဖုန်းကဒ်များကို တာချီလိတ်မြို့၌ CDMA-800MHz ဖုန်းကဒ်များ ချထားပေးအပြီး ပထမဆုံးအကြိမ်အဖြစ် GSM ဖုန်းကဒ် (၄၀၀)ကဒ်ကို ချထားပေးရာ ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းကစပြီး လျှောက်လွှာများ လက်ခံနေလျှက်ရှိသည်ဖြစ်ရာ လာရောက်လျှောက်ထားသူများမှာ CDMA ဖုန်းကဒ်လျှောက်စဉ်ထက် ပိုမိုများပြားကြောင်း တွေ့ရှိရသည်။

"GSM ဖုန်းကဒ်က ဖုန်းမရွေးဘူး၊ ဖုန်းမရွေးတော့ လက်ရှိ ထိုင်းဖုန်းကဒ်တွေနဲ့ သုံးနေတဲ့ ဖုန်းနဲ့လည်း သုံးလို့ရတော့ အဆင်ပြေတာပေါ့ဗျာ၊ CDMA အတွက်က ဖုန်းရွေးလွန်းလို့ ကျွန်တော်ကတော့ GSM ပဲ လိုချင်လို့ စောင့်ပြီး ခုမှ လာလျှောက်တာပါ၊ ဒါကြောင့်လည်း ခု လာလျှောက်တဲ့လူတွေ များတာဖြစ်မယ်"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူ အမျိုးသားတစ်ဦးမှ ပြောဆိုလာသည်။

"ကျွန်မကတော့ CDMA အတွက် ဖုန်းတစ်လုံး ထပ်ဝယ်နေရမှာစိုးလို့ GSM ဖုန်းကဒ်ကိုပဲ စောင့်ပြီးလျှောက်တာပါ၊ GSM ရလာရင် ခု ကျွန်မကိုင်နေတဲ့ Samsung ကဒ်နှစ်ကဒ် ထည့်လို့ရတဲ့ ဖုန်းမှာ ထည့်သုံးမှာပါ၊ ခု ပထမအကြိမ်အတွက် ကဒ်က (၄၀၀)ပဲ ဆိုတော့ ရမရ ကံပေါ့ရှင်"ဟု မကာဟိုခမ်းရပ်ကွက်နေ ဒေါ်ခိုင် မှ ပြောကြားလာသည်။

ယခင်က CDMA ဖုန်းကဒ်လျှောက်ထားပြီး ရရှိထားသူများအနေဖြင့် ထပ်မံ၍ လျှောက်ထားခွင့် မရှိတော့ကြောင်း နှင့် ထပ်မံလျှောက်ထား၍ ဖုန်းကဒ်ပေါက်ခဲ့ပါကလည်း မရရှိသေးသူများကို ဦးစားပေးသည့် အနေဖြင့် အဆိုပါ ပေါက်မဲအား ပယ်မှာဖြစ်ကြောင်းလည်း သိရှိရသည်။ 

Tachileik Online News

No comments:

Post a Comment