Pages

Monday, July 15, 2013

ရှမ်းပြည်နယ်Mobile-Tearmsအဖွဲ့မှ တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား ဖမ်းဆီးအရေးယူ

ဇူလိုင်လ ၁၅ ရက်
 
ရှမ်းပြည်နယ်Mobile-Tearmsအဖွဲ့မှ တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများအား ဖမ်းဆီးအရေးယူ
Monday, 15 July 2013

ရှမ်းပြည်နယ်Mobile-Tearmsအဖွဲ့သည် မန္တလေး-လားရှိုး-မူဆယ် အဝေးပြေးလမ်းမကြီးတွင် တရားမ၀င်အခွန်မဲ့ တင်ဆောင်လာသော ကုန်ယာဉ်များကိုနိုင်ငံတော်အခွန်ရှောင် ကုန်ပစ္စည်းများ ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၎င်းအဖွဲ့ကိုလားရှိုးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဌာန၊ အကောက်ခွန်ဌာန၊ ကုန်သည်ကြီးများအသင်းမှ အဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီဒီယာနှင့်
ကုန်သွယ်မြင့်တင်ရေး ဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးဌာနမှ ကုန်သွယ်စီးဆင်းရေးကို တရားဝင်ကြပ်မတ် ဆောင်ရွက်ရန် ရှမ်းပြည်နယ်Mboil-Tearmsကိုဖွဲ့စည်းပေးပြီး ဇွန်လ(၄)ရက်မှ စတင်ကာရှမ်းပြည်နယ်မြောက်ပိုင်း အဝေးပြေးလမ်းမကြီး၌ အခွန်ရှောင် ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့မှ သိရသည်။

နယ်စပ်မှတရားမ၀င် ကုန်သွယ်စီးဆင်းလာသော ကုန်ပစ္စည်းများကို တွေ့ရှိပါက ကုန်ပစ္စည်းကိုဖမ်းကာ၊ သယ်ဆောင်သူအား နောင်မလုပ်ရန် တရားဝင်အခွန်ဆောင်ပြီးလုပ်စေရန်ဖြင့် ပညာပေးများ ဟောပြောကာ ကတိဝန်ခံချက်စာရွက်၌ လက်မှတ်ထိုးခိုင်းပြီး လူကိုပြန်လွတ်ပေးသည်။ အခွန်မဲ့ကုန်ပစ္စည်းကိုဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

“ကျွန်တော်တို့ M0bile-Tearmsက ဖမ်းဆီးထားတဲ့ တရားမ၀င် ကုန်ပစ္စည်းတွေကို သက်ဆိုင်ရာအဖွဲ့နဲ့အတူ အကောက်ခွန်ရုံးမှာ စာရင်းဇယားနဲ့ အပ်ပါတယ်။ပြီးရင်အခွန်လေလံစနစ်နဲ့ ပြည်သူတွေကို အသိပေးပြီး တင်ဒါခေါ်ပေးပါတယ်။ လေလံကရလာတဲ့ ငွေကြေးတွေကို ရှမ်းပြည်ဒေသဖွဲ့ဖြိုးရေး လုပ်ငန်းတွေမှာအသုံးချသွားမှာပါ”ဟု မြိုနယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

ကုန်ပစ္စည်းများ စစ်ဆေးရာတွင် တရားမ၀င် လက်နက်နှင့် တွင်းထွက်ပစ္စည်းများတွေ့ရှိပါက လူနှင့်ပစ္စည်း တပါတည်း ဖမ်းဆီးကာ ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ နယ်စပ်မှဝင်လာသော ကုန်များကိုလည်း နိုင်ငံတော်အား အခွန်ဆောင်ပြီးခြင်း ရှိ/မရှိသေချာစစ်ဆေးကာ အထောက်အထားခိုင်လုံမှသာ
ဖြတ်သန်းသွားလာခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း။
မြန်မာ့ခေတ်

No comments:

Post a Comment