Pages

Thursday, August 29, 2013

တိုက်ပွဲများကြား ဒေသခံများ အခွင့်အေရးချိုးဖောက်ခံရဆဲ

29.8.2013

အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့  ရှမ်းလက်နက်ကိုင်အဖွဲ့တွေကြား  အပစ်ရပ်သေဘာတူညီချက်အတိုင်း အေကာင်အထည်မေဖ်ာနိုင်တဲ့အတွက်   ရွာသားတွေလည်း အခွင့်အေရးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ပြည်ပအြေခစိုက် ရှမ်းလူ့အခွင့်အေရးမဏ္ဍိုင်အဖွဲ့က  ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်မှာ အစိုးရတပ်နဲ့ အပစ်ရပ် ရှမ်းပြည်တပ်မေတာ် မြောက်ပိုင်းတပ်ဖွဲ့တို့ ဖြစ်တဲ့တိုက်ပွဲမှာ ဒေသခံရွာသူအမျိုးသမီးတဦး ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြည်ပအြေခစိုက် ရှမ်းလူ့အခွင့်အေရးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်  မိုင်းယဉ်  ကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က အစိုးရတပ် ခမရ ၅၀၄  နဲ့ ရှမ်းပြည်တပ်မေတာ် မြောက်ပိုင်းအဖွဲ့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ ပြောင်းခင်းထဲ ရောက်နေတဲ့ ရွာသူတဦးရဲ့ ဘယ်ဘက်ပခုံးကို ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တယ်တယ်လို့ ဩဂုတ်လ ၂၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

အစိုးရတပ်က ဒဏ်ရာရအမျိုးသမီးကို အစိုးရတပ်က ဂရုမစိုက်တဲ့အြပင် လင်ယောက်ျားဖြစ်သူ စိုင်းဆိုင်ကိုပါ လမ်းပြအြဖစ် ၂ ရက်ကြာဖမ်းခေါ်သွားခဲ့ပြီး ရွာကေန ၁၅ ကီလိုမီတာလောက်ဝေးတဲ့ ကုန်းခါးရွာထိ ပို့ပေးခဲ့ရြပီးမှ  ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ဇနီးအတွက် ဆေးဖိုးတောင်းခံရာမှာ အစိုးရတပ်က ကျပ်နှစ်သောင်းပဲပေးတယ်လို့ ဒေသခံရွာသားတွေက ရှမ်းလူ့အခွင့်အေရးအဖွဲ့ကို ပြောပါတယ်။
ရှမ်းလူ့အခွင့်အေရးမဏ္ဍိုင်ရဲ့  ပြောခွင့်ရ စိုင်းဆေဟန်က ဒီဖြစ်ရပ်ဟာ နှစ်ဘက်တပ်တွေအေနနဲ့ အပစ်ခတ်ရပ်သေဘာတူချက်အတိုင်း လိုက်နာဖို့ နဲ့ ရွာသားတွေအေပါ် အခွင့်အေရးချိုးဖောက်နေတာတွေ ရပ်တန့်ဖို့ လိုအပ်တာကို ပြသတာပဲလို့ ဒီဗွီဘီကို  ပြောပါတယ်။

ရှမ်းပြည်တပ်မေတ်ာမြောက်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလကစြပီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် ထိတွေ့ပစ်ခတ်မှုပေါင်း ၁၀၀ ကျော် ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်။

DVB

No comments:

Post a Comment