Pages

Tuesday, August 27, 2013

ရွှေတိဂုံတွင် မြန်နှုန်းမြင့် အင်တာနက် အခမဲ့သုံးခွင့်ရမည်

27.8.2013

ရွှေတိဂုံ စေတီတော်တွင် အင်တာနက်မြန် နှုန်းမြှင့် အသုံးပြုခွင့်ရရှိတော့မည် ဖြစ်ကြောင်း အဆိုပါ ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်က ပြောသည်။
လက်ရှိတွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များကို ဝိုင် ဖိုင်စနစ်ဖြင့် အင်တာနက်အခမဲ့ အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပြီး အင်တာနက် မြန်နှုန်းမြင့်အဆင့် မြှင့်တင်ရန်အတွက် ဖိုင်ဘာကေ ဘယ်လ်ဆက်ကြောင်းလိုင်း အ သုံးပြုနိုင်စေရန် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသို့ လျှောက်ထားသွား မည်ဖြစ်ကြောင်း သိရသည်။
''အခု ဘုရားရင်ပြင်ပေါ်မှာ အင်တာနက်သုံးတာ လိုင်းက နည်း နည်းလေးတော့ အသုံးပြုရတာ မကောင်းဘူး။ သုံးတဲ့သူတွေအ တွက် အဆင်မပြေဖြစ်နေတယ်။ ဘုရားဖူးဧည့်သည်တွေကို လိုင်း ကောင်းကောင်းသုံးစေချင်တဲ့အ တွက်ကြောင့် ဖိုင်ဘာစနစ်ကို လျှောက်ထားမှာပါ''ဟု ဦးဝင်း ကြိုင်က ပြောသည်။
ယင်းဖိုင်ဘာစနစ်အသုံး ပြုနိုင်စေရန်အတွက် ဆက်သွယ် ရေးသို့ မကြာမီလျှောက်ထား သွားမည်ဖြစ်ပြီး ယင်းအတွက် ကုန်ကျစရိတ်အား ခရစ္စတယ်ရှိုင်း မှ အကုန်ကျခံ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
''အခုဆိုရင် ပြည်ပသာမက ဘူး။ ပြည်တွင်းကဘုရားဖူးဧည့် သည်တွေပါ အသုံးပြုခွင့်ပေးထား တယ်။ အခုက ရိုးရိုးလိုင်းကိုပဲ သုံး နေတဲ့အတွက် လိုင်းက နှေးနေ တယ်။ ဖိုင်ဘာနဲ့ဆိုရင် လိုင်းဆွဲ အား ကောင်းကောင်းနဲ့ သုံးနိုင်မှာ ပါ''ဟု ယင်းကဆက်၍ပြောသည်။
ရွှေတိဂုံစေတီတော်ရင်ပြင် တွင် အင်တာနက်အခမဲ့အသုံးပြု နိုင်ရန် ခရစ္စတယ်ရှိုင်းကုမ္ပဏီမှ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ သို့လှူဒါန်းထားခြင်းဖြစ်ပြီး ယခု ဖိုင်ဘာကေဘယ်လ်တပ်ဆင်ခြင်း ကိုလည်း လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။

အေးချမ်းမွန် Credit To > Yangon Media Group

No comments:

Post a Comment