သြဂုတ်လ(၂၂)ရက်

စင်္ကာပူနိုင်ငံရှိ ကောလိပ် ကျောင်းသူ တစ်ဦးသည် သူမ အသုံးပြုပြီးသား အတွင်းခံများကို စင်္ကာပူ ၄၅ ဒေါ်လာ (၁၀၄ ရင်းဂစ်) ဖြင့် ရောင်း ချနေကြောင်း စင်ချုးနေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည်။
အတွင်းခံဘောင်းဘီ (၂) ထည် ၀ယ်ယူသူအတွက် အပိုဆု အဖြစ် အသက် ၁၉ နှစ်အရွယ် မိန်းကလေးမှ အတွင်းခံ ဘောင်းဘီအား ချွတ်ပြသည့် ဗီဒီယိုဖိုင်အား အခမဲ့ကြည့်ရမည်ဖြစ်ပြီး သူမ၏ မျက်နှာကို မူ ပြသထားခြင်း မရှိပေ။
Felicia ဆိုသူ ကျောင်းသူသည် သူမ၏ ဘလော့(ဂ်)မှတဆင့် ယခုကဲ့သို့ လိင်စိတ်နိုးကြွစေသည့် အတွင်းခံရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ တစ်လခန့် ကြာခဲ့ပြီဖြစ်သည်။
ပထမပိုင်းတွင် ဘောင်းဘီတစ်ထည်လျှင် စင်္ကာပူဒေါ်လာ ၃၀ ဖြင့် ရောင်းခဲ့ပြီး ယခုလမှ စတင်ကာ ဈေးနှုန်းမြှင့်တင် ရောင်းချခဲ့ကာ စုစုပေါင်း အတွင်း ခံ (၁၆) ထည် ရောင်းထားပြီး ဖြစ်ကြောင်း သိရ သည်။
သူမနှင့် အင်တာဗျူးလုပ်ရန် ကမ်းလှမ်းမှုများကိုလည်း ငြင်း ဆိုခဲ့ပြီး အခမဲ့ ကြည့်ရှုခွင့်ပေးသည့် ဗီဒီယိုဖိုင်ကိုလည်း ပိတ်သိမ်းခဲ့သည်။
သူမသည် ဘောင်းဘီများကို မရောင်းချခင် ၁၂ နာရီကြာ ၀တ်ဆင်ခဲ့ သည်ဟု သိရပြီး ယခုကဲ့သို့ စွန့်စားလုပ်ကိုင်ရခြင်းမှာ ကျောင်းလခ ပေးရန် အတွက် ဖြစ်သည်ဟု ဆိုသည်။
သူမက "ကျွန်မ ဘယ်သူဘယ်ဝါဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး" ဟုလည်း ပြောဆို ထားခဲ့သည်။
Myanmar News Update
No comments:
Post a Comment