Pages

Friday, August 16, 2013

ဦးသန့်စာကြည့်တိုက် တည်ဆောက်မှု အလှူငွေ မလုံလောက်သဖြင့် ရပ်ဆိုင်းထားရ

သြဂုတ်လ(၁၆)ရက်

Photo: ဦးသန့်စာကြည့်တိုက် တည်ဆောက်မှု အလှူငွေ မလုံလောက်သဖြင့် ရပ်ဆိုင်းထားရ

15.8.2013

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဇာတိပန်းတနော်မြို့တွင် တည်ဆောက်လျက်ရှိသော ဦးသန့်စာကြည့်တိုက်သည် အလှူငွေ မလုံလောက်သဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း မြတောင်ဆရာတော်ကြီး၏ မိန့်ကြားချက်အရ သိရသည်။

အဆိုပါ စာကြည့်တိုက်ကို ၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့တွင် စတင်ပန္နက်ရိုက်ခဲ့ပြီး ပြည်ထောင်စုနေ့တွင် အုတ်မြစ်ချ စတင်တည်ဆောက်ခဲ့ကြောင်း၊ ရန်ကုန်-ပုသိမ် အဝေးပြေး ကားလမ်းမကြီးဘေး ပန်းတနော်မြို့အ၀င် မျက်နှာစာ ပေ ၄၀၊ ရှေ့နောက် ပေ ၁၂၀ ရှိ အာဏာပိုင်များ လှူဒါန်းထားသော မြေကွက်လပ်နေရာတွင် ပေ ၄၀x၇၅ ရှိ RC နှစ်ထပ်ခွဲ အဆောက်အဦးပုံစံအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အများစုပေါင်း၍ လှူဒါန်းထားသော ငွေကျပ် သိန်း ၅၀၀ ခန့် အသုံးပြုပြီး ဖြစ်သော်လည်း အကြမ်းထည်အဆင့်သာ ပြီးစီးနိုင်သေးကြောင်း၊ အလှူငွေ လုံလောက်မှု မရှိသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း၊ နောက်ထပ် သိန်း ၁၀၀၀ နှင့် သိန်း ၁၅၀၀ ကြား ထပ်မံကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပန်းတနော်၊ မြတောင်ဆရာတော်ကြီးက မိန့်ကြားသည်။

စာကြည့်တိုက်ကြီး ပြီးစီးပါက ပြတိုက်အဖြစ်ပါ ထားရှိနိုင်ရန် ဦးသန့်ကိုယ်တိုင် ရေးခဲ့သော စာအုပ်များ၊ စာရေးဆရာများ ရေးသားခဲ့သော စာအုပ်များကို လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော်ကတည်းက စုစည်းခဲ့ကြောင်း ဆရာတော်ကြီးက မိန့်ကြားသည်။

နိုင်ငံဂုဏ်ဆောင် ပန်းတနော်မြို့၊ အမျိုးသား အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၃၉ နှစ် ရှိပြီဖြစ်သည်။

Eleven Media Group

တည်ဆောက်လက်စ ဦးသန့်စာကြည့်တိုက်အား သြဂုတ်ပထမ ပတ်က တွေ့ရစဉ်

No comments:

Post a Comment