Pages

Tuesday, August 20, 2013

ဆယ်နှစ်ကျော် မကျင်းပနိုင်ခဲ့သည့် မြို့နယ်ပညာရေးမှူး (ဖလား) ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ၁၆နှစ်အောက် ဘောလုံးပြိုင်ပွဲ တာချီလိတ်၌ ကျင်းပတော့မည်

သြဂုတ်လ(၂၀)ရက်
Photo: ဆယ်နှစ်ကျော် မကျင်းပနိုင်ခဲ့သည့် မြို့နယ်ပညာရေးမှူး (ဖလား) ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ၁၆နှစ်အောက် ဘောလုံးပြိုင်ပွဲ တာချီလိတ်၌ ကျင်းပတော့မည်

20.8.2013

တာချီလိတ်မြို့တွင် မြို့နယ်ပညာရေးမှူး(ဖလား) ကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မကျင်းပနိုင်ခဲ့သည်မှာ ၁၀ နှစ်ကျော် ရှိပြီဖြစ်သည့်အတွက် ယခုအခါမှာ ပြန်လည်၍ ကျောင်းသားအားကစားပြိုင်ပွဲကို တာချီလိတ်မြို့နယ် မြို့မအားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားနှင့် အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ပြောကြားချက်အရ သိရသည်။

ပြိုင်ပွဲကို ၂၅.၈.၂၀၁၃ ရက်နေ့မှ ၁၄.၉.၂၀၁၃ရက်နေ့ထိ ကျင်းပ ပြုလုပ်မှာဖြစ်ပြီး ပြိုင်ပွဲဝင်ကျောင်းများမှာ အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)၊ အ.ထ.က(မိုင်းကိုး)၊ အ.ထ.က(တာလေ)၊ အ.ထ.က(ရွှေမဟာ)၊ အ.လ.က(ပုန်းထွန်)၊ အ.လ.က(ရန်အောင်မြေ) နှင့် အ.လ.က(၀မ်တုံ)တို့ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၅.၈.၂၀၁၃ရက်နေ့ နံနက် ၉ နာရီတွင် မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။

Tachileik Online News

No comments:

Post a Comment