Pages

Friday, August 30, 2013

လက်နက်ခဲယမ်းများ လျှို့ဝှက်သိမ်းဆည်းထားမှုရှိမရှိ အိမ်တိုင်ရာရောက်စစ်ဆေးမည်

30.8.2013

လက်နက် ခဲယမ်းများ ကြိုတင်စုဆောင်းပြီး မသမာသူတစ်စုက အကြမ်းဖက် မှုများပြုလုပ်မည်ဟု ကြားသိရ သည့်သတင်းများအရ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်နှင့် မြို့နယ်အချို့ရှိ နေအိမ်များတွင် လက်နက်ခဲယမ်းများလျှို့ဝှက် သိမ်းဆည်းထားမှုရှိမရှိကို လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များက လိုက်လံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိ ရသည်။
ယင်းကဲ့သို့စစ်ဆေးမှုများ ကို လုံခြုံရေးဆိုင်ရာရဲတပ်ဖွဲ့ဝင် များနှင့်အတူ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အမာခံသ တင်းပေးများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး တရားမဝင်လက်နက် ကိုင်ဆောင်မှုများတွေ့ရှိပါက လက်နက်ကိုင်ဆောင်မှုဥပဒေ ဖြင့် ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောသည်။
ယင်းနှင့်ပတ်သက်၍''ကန့် ဘလူအကြမ်းဖက်မှုဖြစ်ရပ်မှာ စုံစမ်းတွေ့ရှိတာတွေအရ ဓား၊ ဂျင်ကလိ၊ တုတ်နဲ့ အခြားသေစေ နိုင်တဲ့လက်နက်စုဆောင်းထားမှု တွေရှိတယ်။ တခြားမြို့နယ်ဒေသ တွေမှာလဲ ဒီလိုကြိုတင်စီမံထားတာတွေမ ရှိဘူးလို့ မပြောနိုင်ဘူး။ ဒါ့ကြောင့် ရှာဖွေမှုတွေပြုလုပ်ရမယ်။ လာ မယ့်ရက်ပိုင်းအတွင်း လုပ်ဆောင် သွားမှာပါ''ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်လည်း ယင်းကဲ့သို့အကြမ်းဖက်မှုများဖြစ် ပွားနေစဉ်အချိန်တွင် လက်နက်ခဲ ယမ်းများစုဆောင်းခြင်းမပြုရန်၊ သုံး ရက်အတွင်းပြန်အပ်ရန် စသဖြင့် ညွှန်ကြားချက်များပြုလုပ်ခဲ့ပြီး ညွှန် ကြားချက်မလိုက်နာသည့်သူများ ကို တရားမဝင်လက်နက်ကိုင်ဆောင် မှုဖြင့် အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်ရပ်များရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ''ကျွန်တော် တို့ရခိုင်ပြည်နယ်မှာတော့ အဲဒီလို လုပ်တာ ထိရောက်မှုရှိတယ်။ အ မာခံသတင်းပေးတဲ့သူတွေနဲ့ စုံစမ်း ပြီး တစ်အိမ်ဆင်းတစ်အိမ်တက်လိုက်ရှာတာ။ မရှာခင် အရင်ကြေ ညာတယ်။ သုံးရက်အချိန်ပေး တယ်။ ပြီးတော့မှ ရှာလို့လက်နက် တွေတွေ့ရင် အရေးယူတယ်''ဟု ပြောသည်။
အကြမ်းဖက်ပဋိပက္ခများ မှာ မြန်မာနိုင်ငံတွင်ပြီးဆုံးခြင်းမရှိသေးဘဲ မကြာခဏဖြစ်ပွား နေသေးကြောင်း သိရသည်။

YMG

No comments:

Post a Comment