Pages

Friday, August 16, 2013

အုပ်စုဖွဲ့သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရုတ်တွင် ဖြစ်ပွား

  1. သြဂုတ်လ(၁၆)ရက်

    Photo: အုပ်စုဖွဲ့သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရုတ်တွင် ဖြစ်ပွား

15.8.2013

ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်း
ကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်းတွင်ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာသတင်းအရ သိရသည်။ 

အဆိုပါလူအုပ်စုထဲမှ တချို့သည် ''ဟာဘင်ရထားသံလမ်း အစိုးရဌာန'' ဟူသောစာတန်းများရေး သားထားသည့် တီရှပ်များဝတ် ဆင်ထားကြောင်း
သိရသည်။

တရုတ်နိုင်ငံ၏ရထားသံ လမ်းရေးရာဝန်ကြီးဌာနကို မတ်လက ဖျက်သိမ်း
ခဲ့ပြီး အလုပ်များ ပြတ်တောင်းသွားမည်ကို စိုးရိမ် နေကြသည်။ 

တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ရှီဟာဘင်ပြည်နယ်တွင် ၁၉၉ဝပြည့်နှစ်
နှောင်းပိုင်းမှစပြီး နိုင်ငံပိုင်စက်ရုံပြန် လည်ဖွဲ့မှုကြောင့် အလုပ်လက်မဲ့
ပြဿနာများ ရင်ဆိုင်နေခဲ့ရ သည်။ 

အဆိုပါအုပ်စုဖွဲ့အဆိပ် သောက်သေကြောင်းကြံစည်မှု သည် ပေကျင်း
အနောက်ဘက် ရထားဘူတာအနီးရှိလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ရဲများနှင့်
အရေး ပေါ်လူနာတင်ယာဉ်များက ၎င်းတို့ကို ဆေးရုံသို့ခေါ်ဆောင်
သွား ကြောင်း သိရသည်။

အဆိပ်သောက်သူများတွင် သေဆုံးသူရှိမရှိကို မဖော်ပြခဲ့ဟု သိရသည်။ အဆိုပါအုပ်စုတွင် ပါဝင်သူများ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောရေး
ဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် သေကြောင်း ကြံစည်မှုအများဆုံးနိုင်ငံတစ်ခု ဖြစ်သည်။

Yangon Media Group

    ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်းကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်းတွင်ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာသတင်းအရ သိရသည်။

    အဆိုပါလူအုပ်စုထဲမှ တချို့သည် ''ဟာဘင်ရထားသံလမ်း အစိုးရဌာန'' ဟူသောစာတန်းများရေး သားထားသည့် တီရှပ်များဝတ် ဆင်ထားကြောင်းသိရသည်။

    တရုတ်နိုင်ငံ၏ရထားသံ လမ်းရေးရာဝန်ကြီးဌာနကို မတ်လက ဖျက်သိမ်းခဲ့ပြီး အလုပ်များ ပြတ်တောင်းသွားမည်ကို စိုးရိမ် နေကြသည်။

    တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ရှီဟာဘင်ပြည်နယ်တွင် ၁၉၉ဝပြည့်နှစ်နှောင်းပိုင်းမှစပြီး နိုင်ငံပိုင်စက်ရုံပြန် လည်ဖွဲ့မှုကြောင့် အလုပ်လက်မဲ့ပြဿနာများ ရင်ဆိုင်နေခဲ့ရ သည်။

    အဆိုပါအုပ်စုဖွဲ့အဆိပ် သောက်သေကြောင်းကြံစည်မှု သည် ပေကျင်းအနောက်ဘက် ရထားဘူတာအနီးရှိလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ရဲများနှင့်အရေး ပေါ်လူနာတင်ယာဉ်များက ၎င်းတို့ကို ဆေးရုံသို့ခေါ်ဆောင်သွား ကြောင်း သိရသည်။

    အဆိပ်သောက်သူများတွင် သေဆုံးသူရှိမရှိကို မဖော်ပြခဲ့ဟု သိရသည်။ အဆိုပါအုပ်စုတွင် ပါဝင်သူများ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် သေကြောင်း ကြံစည်မှုအများဆုံးနိုင်ငံတစ်ခု ဖြစ်သည်။

    Yangon Media Group

No comments:

Post a Comment