Pages

Tuesday, August 27, 2013

တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲမှုကို အောက်တိုဘာတွင်ပြု လုပ်နိုင်တော့မည်ဟု ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြား


 ယင်းနှင့်ပတ်သက်ပြီး ပြည် ထောင်စုဝန်ကြီးက ''အောက်တို ဘာလောက်မှန်းတယ်''ဟု ပြော သည်။ လက်ရှိအချိန်တွင် အစိုးရ နှင့် အပစ်အခတ်ရပ်စဲရန် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် တာအန်း အမျိုးသား တပ် မတော် (TNLA) တို့သာ ကျန်ရှိ တော့ကြောင်း သိရသည်။

အောက်တိုဘာလမတိုင်မီ KIO နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြုလုပ် သွားမည်ဖြစ်ကြောင်း ဦးအောင် မင်းက ထပ်မံပြောသည်။ ဦးအောင်မင်းက KIO နှင့် အောက်တိုဘာမတိုင်မီ ဆွေးနွေး ပွဲစတင်ရန်အတွက် ''ဆွေးနွေး မယ်။ အဲဒီမတိုင်မီပြီးမယ်လို့ထင် တာပေါ့။ အောက်တိုဘာလောက် မှန်းထားတာ။ မြန်မာနိုင်ငံကလဲ သိတဲ့အတိုင်း မိုးတွင်းကျတော့ ခြေခင်းလက်ခင်းမသာဘူး။ သွား ရေးလာရေးကအစ။ အောက်တို ဘာဆိုတော့ စက်တင်ဘာပြီးရင် မိုးစဲသွားရင် ကိုယ်တို့အဖွဲ့များများ လှုပ်ရှားလို့ရတာပေါ့။ အခုက တော့ မိုးရွာနေတာနဲ့ မသွားနိုင် ကြဘူး''ဟု ဦးအောင်မင်းကဆို သည်။

နိုင်ငံတော်သမ္မတ၏လစဉ် လူထုအားပြောကြားသည့် ရေဒီ ယိုမိန့်ခွန်းများတွင် ဇူလိုင်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲနိုင်မည်ဟု ပြော ကြားထားခဲ့ဖူးသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီအနေဖြင့် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းဇော် တို့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင် ဦးဆောင်ဆွေးနွေးနေခြင်း ဖြစ်ပြီး တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ ၁၄ဖွဲ့ဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထား နိုင်ခြင်းဖြစ်ပြီး KIO နှင့် TNLA တို့သာကျန်ရှိကြောင်းသိရသည်။

''အားလုံးပြီးသွားရင်တော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို လက် မှတ်ရေးထိုးပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်မှာပေါ့''ဟု ABSDF ကျောင်းသားတပ်မတော် နှင့် ပြည်ထောင်စုအဆင့်အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးသည့် အခမ်းအနားအပြီးတွင် သတင်းမီဒီယာများအား ပြော သည်။

လင်းအောင်
Yangon Media Group

No comments:

Post a Comment