Pages

Wednesday, August 14, 2013

ပြည်လုံးကျွတ်သန်းခေါင်စာရင်း 'ဝ'ဒေသ၌ ကောက်ခံမည့်အပေါ် သဘောတူညီမှု ရပြီ

 သြဂုတ်လ(၁၄)ရက်
'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ခံမည့်အပေါ် သဘောတူညီမှုရရှိပြီဟု သတင်းရရှိသည်။

၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းခန့်က လဝက ဝန်ထမ်းအရာရှိ အချို့၏ ကမ်းလှမ်းမှုအပေါ် 'ဝ'က ပယ်ချခဲ့ကြောင်း သတင်းစကား များ ထွက်ပေါ်ခဲ့ဖူးပြီးနောက် ငြိမ်းချမ်းရေးဆောင်ရွက်နေသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်အဖွဲ့က 'ဝ'သို့ သွား ရောက် ညှိနှိုင်း ခဲ့ရာ ထိုသို့ သဘောတူလက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အစိုးရကတစ်နိုင်ငံလုံး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန တာဝန်ခံမှုဖြင့် ၂ဝ၁၄ မတ်လ ၃ဝ ရက်မှ ဧပြီလ ၁ဝ ရက်နေ့ အထိ ပြုလုပ်မည်ဖြစ်သည်။

ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့် ကြိုင်က ''ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မှုကို သတ်မှတ် ထားတဲ့ နေရာတွေ နဲ့ တစ်နိုင်ငံလုံးမှာ အောင်မြင်စွာ ဆောင်ရွက်နိုင် ကြတော့မှာပါ''ဟု ပြော သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနည်းတူ ရခိုင်၌ အင်္ဂါလီ စာရင်းကောက်ယူမှုကိုလည်း အင်္ဂါလီတို့က လက်ခံခဲ့ကြောင်း ၄င်း က ဆိုသည်။

တစ်နိုင်ငံလုံးအနှံ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပညာ ရေး ဆရာ/ဆရာမ ၁၂ဝဝဝဝ က ကောက်ယူမည်ဖြစ်ရာ လေ့ ကျင့်သင်တန်းပေး မှုအချို့ ပြုလုပ်နေပြီဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူမှုအတွက် လိုအပ်သော ငွေကို လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် နိုင်ငံ တကာ အဖွဲ့အစည်းတို့က အကုန်အကျခံမည်ဖြစ်ရာ ပညာရှင်တို့၏ လတ်တလော သုံးသပ်မှုအရ ကန်ဒေါ်လာ ၁၈ သန်းခန့် လိုနေသေး သည်ဟု သိရှိရသည်။
popular

No comments:

Post a Comment