Pages

Thursday, August 22, 2013

နယ်ခြားစောင့်တပ်နယ်မြေအတွင်း လောင်းကစားခွင့် ပြုထားခြင်း မရှိဟုဆို


သြဂုတ်လ(၂၂)ရက်

ကရင် အမျိုးသားအစည်းအရုံး (KNU)က ခွဲထွက်ကာ သီးခြားရပ်တည်နေ ကြသော အဖွဲ့အစည်း များတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တာဝန်ယူ ထားသည့် နယ်မြေအတွင်းတွင် လောင်း ကစားဝိုင်းများ ဖွင့်လှစ်ထားခြင်း မရှိကြောင်း ဗိုလ်မှူးချုပ်စောချစ်သူက ပြောကြားသည်။
"လောင်းကစားနဲ့ မူးယစ်ဆေးဝါး ကင်းစင်တဲ့နယ်မြေအဖြစ် လုပ်ဆောင်နေပါတယ်" ဟု ၄င်းက ဆိုသည်။

သို့သော် မြဝတီမြို့နယ်အတွင်းတွင် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးချုပ် စောချစ်သူ ကကာစီနိုလောင်းကစားဝိုင်း ဖွင့်လှစ်ထားသည်ဟု ဒေသခံများနှင့် လူထုအခြေပြု အဖွဲ့အစည်းများက ပြောဆိုကြသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အခြေစိုက်ထားသော နေရာများတွင် လောင်းကစားလုပ်ခြင်းကို ခွင့်ပြုထားခြင်းမရှိသော်လည်းပွဲလမ်းသဘင်နှင့်အပျော်သဘော ဆောင်ရွက်ကြသော လောင်းကစားဝိုင်းငယ်များ ဖွင့်လှစ်မှုများ ရှိနေသည် ဟု ဗိုလ်မှူးချုပ် စောချစ်သူက ဝန်ခံပြော ကြားသည်။"(လောင်းကစားဝိုင်း)ခဏတာ ပွဲတွေ ဖြစ်ပါတယ်" ဟု ၄င်းကဖြေရှင်းသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် သုံးနှစ်ပြည့်အခမ်းအနား ကျင်းပသော ရွှေကုက္ကိုမြိုင်မြို့သို့ သတင်းယူရန် ရောက်ရှိနေသည့် သတင်းသမားတစ်ဦးက "ရွှေကုက္ကိုထဲမှာကို လောင်းကစားရုံတွေ တွေ့ခဲ့တယ်" ဟု ဆိုသည်။

လက်ရှိဗဟိုကွပ်ကဲရေးနှင့် အကြံပေး အထွေထွေ အတွင်းရေးမှူးအပြင် နယ်ခြားစောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူသည် ယခင် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ကာ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖြစ် ထူထောင်ခဲ့သူများတွင် ခေါင်းဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ၄င်းဦးဆောင်သော DKBA တပ်ဖွဲ့ဝင်များက အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် လက်ခံခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment