Pages

Friday, August 16, 2013

တာချီလိတ်မြို့ရှိ ဓမ္မဒါနတရားခွေအငှားဆိုင်တစ်ဆိုင် ၀ါယာကြိုးမှတဆင့် လျော့ဖြစ်ကာ မီးလောင်

သြဂုတ်လ(၁၆)ရက်
Photo: တာချီလိတ်မြို့ရှိ ဓမ္မဒါနတရားခွေအငှားဆိုင်တစ်ဆိုင် ၀ါယာကြိုးမှတဆင့် လျော့ဖြစ်ကာ မီးလောင်

16.8.2013

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ အနော်ရထာ
(ဓမ္မဒါနတရားခွေအငှား)ဆိုင်တွင် သြဂုတ်လ ၁၆ ရက် သန်းခေါင်ယံ ၂ နာရီအချိန်ခန့်က ၀ါယာကြိုးမှ တဆင့် လျော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆိုင်အတွင်း တီဗွီတင်စင်အနီးရှိ မီးပလပ်ခုံ တစ်ခု အပူလွန်ကဲရာမှ မီးလောင်တာဖြစ်ပြီး မီးလောင်ကျွမ်းရာတွင် စာအုပ်များနှင့် ဗွီစီဒီတိပ်ခွေများ လောင်ကျွမ်းသွားရာ ပျက်စီးဆုံးရှုံးမှု အနည်းအငယ်သာ ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်တပ်ဖွဲ့ဝင် ၂၀ ဦးတို့ သွားရောက်ပြီး မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ စာအုပ်နှင့် ဗွီစီဒီတို့၏ လောင်းကျွမ်းမှုအရှိန်အား ခဏလေးအတွင်းမှ ငြိမ်းသတ်နိုင်ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ရောက်သွားတော့ အထဲက စာအုပ်တွေ၊ ဗွီစီဒီခွေတွေ မီးလောင်နေတာကို အပြင်က တွေ့နေရတယ်။ တံခါးကို ခတ်ထားတဲ့ သော့ကို ရိုက်ဖြတ်တာ ဖြတ်လို့မရလို့ တံခါးကို ဖျက်ဝင်ပြီးမှ မီးငြိမ်းသတ်ခဲ့ရပါတယ်"ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူအား သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik Online News
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ အနော်ရထာ(ဓမ္မဒါနတရားခွေအငှား)ဆိုင်တွင် သြဂုတ်လ ၁၆ ရက် သန်းခေါင်ယံ ၂ နာရီအချိန်ခန့်က ၀ါယာကြိုးမှ တဆင့် လျော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆိုင်အတွင်း တီဗွီတင်စင်အနီးရှိ မီးပလပ်ခုံ တစ်ခု အပူလွန်ကဲရာမှ မီးလောင်တာဖြစ်ပြီး မီးလောင်ကျွမ်းရာတွင် စာအုပ်များနှင့် ဗွီစီဒီတိပ်ခွေများ လောင်ကျွမ်းသွားရာ ပျက်စီးဆုံးရှုံးမှု အနည်းအငယ်သာ ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်တပ်ဖွဲ့ဝင် ၂၀ ဦးတို့ သွားရောက်ပြီး မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ စာအုပ်နှင့် ဗွီစီဒီတို့၏ လောင်းကျွမ်းမှုအရှိန်အား ခဏလေးအတွင်းမှ ငြိမ်းသတ်နိုင်ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ရောက်သွားတော့ အထဲက စာအုပ်တွေ၊ ဗွီစီဒီခွေတွေ မီးလောင်နေတာကို အပြင်က တွေ့နေရတယ်။ တံခါးကို ခတ်ထားတဲ့ သော့ကို ရိုက်ဖြတ်တာ ဖြတ်လို့မရလို့ တံခါးကို ဖျက်ဝင်ပြီးမှ မီးငြိမ်းသတ်ခဲ့ရပါတယ်"ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်ကတာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူအား သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik Online News

No comments:

Post a Comment