ကွန်ဒုံး မသုံးခဲ့ခြင်းကြောင့် အမေရိကန် အပြာမင်းသမီး နောင်တရ
31.8.2013
ဘ၀တွင် ပထမဆုံး ရိုက်ကူးသည့် အပြာကား ဇာတ်ဝင်ခန်းများ၌
ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး မသုံးဘဲ ကာမ စပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ
ရမိကြောင်းနှင့် အပြာကား ထုတ်လုပ်ရေး လုပ်ငန်းတွင် ကွန်ဒုံး မသုံးမနေရ
ဟူသော စည်းမျဉ်း အကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်ဩ သွားမည်ဖြစ်ကြောင်း
အမေရိကန် အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ ရက်နေ့တွင် ပြောကြားသည်။
အပြာရုပ်ရှင် ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှ တစ်ဆင့် ရာဂမွှန်
စာတိုများ အပြန်အလှည် ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံး
အပြာကားဖြစ်သော Weiner & Me ကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့်
ကွန်ဒုံး မသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။
သို့ရာတွင် လယ်သာနှင့်
မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်း တစ်ခု၌ ကွန်ဒုံး
မသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာ
အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရပြီဖြစ်ကြောင်း ဩဂုတ်လ လယ်တွင် အဆိုပါ
မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ လယ်သာမှာ အကြီးအကျယ်
တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်ရေး လုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်း ရပ်ဆိုင်းလိုက်သည်။
အဆင့်မြင့် ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုး ကူးစက်ခံ ထားရခြင်း
ရှိမရှိ အပူတပြင်း သွားရောက် စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး
မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ လယ်သာမှာ သက်ပြင်း ချနိုင်ခဲ့သည်။
လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကို စွန့်ခွာမည် မဟုတ်သော် လည်း
နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှ ရိုက်ကူးတော့မည်
ဖြစ်ကြောင်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံရှိ ပြည်နယ်
အတော်များများတွင် အပြာကား ထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်ဝင်ခန်းများကို
ကွန်ဒုံးသုံး ရိုက်ကူးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ထားသော်လည်း
ထုတ်လုပ်သူနှင့် မင်းသား မင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှု
ခံယူသူများဖြစ်သဖြင့် ထိုသို့ ညွှန်ကြားရန် မလိုကြောင်း၊ ကွန်ဒုံး
အသုံးပြုပါက ရုပ်ရှင်ကြည့် ပရိသတ်ကို ကျေနပ်မှုအပြည့် ပေးနိုင်လိမ့်မည်
မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။
No comments:
Post a Comment