Pages

Tuesday, August 13, 2013

လင်ဇင်းကုန်း သုသာန်တွင် ထိုင်းအုတ်ဂူ ကိုးခု ပြောင်းရွှေ့ရန် ကျန်

သြဂုတ်လ(၁၃)ရက်
Photo: လင်ဇင်းကုန်း သုသာန်တွင် ထိုင်းအုတ်ဂူ ကိုးခု ပြောင်းရွှေ့ရန် ကျန်

13.8.2013

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ သုသာန်ဟောင်းဖြစ်သော သရက်ပင် သုသာန်အတွင်းရှိ လင်ဇင်းကုန်း သုသာန်မှ အုတ်ဂူများကို ပြောင်းရွှေ့ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသော် လည်း လင်ဇင်းကုန်း သုသာန်တွင် ထိုင်းအုတ်ဂူ ကိုးခု ပြောင်းရွှေ့ရန် ကျန်နေသေးကြောင်း ထိုင်း ဥယျာဉ် စီမံကိန်းတွင် ပါဝင်သော မြန်မာ ပညာရှင်များ အဖွဲ့မှ တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

အဆိုပါ လင်ဇင်းကုန်း သုသာန် နေရာ၌ ထိုင်း ယဉ်ကျေးမှု ဥယျာဉ် တည်ဆောက်မည် ဖြစ်ကြောင်း၊ ရှေးဟောင်း အထိမ်းအမှတ် အုတ်ဂူများ ဖြစ်သဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ဆက်လက် ထားရှိပေးရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး ခွင့်ပြုချက် ရရှိထားကြောင်း ၎င်းက ဆိုသည်။

အမရပူရမြို့နယ် သရက်ပင် သုသာန်ကို ပြီးခဲ့သည့် ဧပြီလကုန်က သင်္ဂြိုဟ်ခွင့် အပြီး ပိတ်သိမ်းခဲ့ပြီး တောင်အင်း၊ မြောက်အင်းသို့ ရွှေ့ပြောင်း သင်္ဂြိုဟ်ခိုင်းခဲ့ကြောင်း၊ အဆိုပါ သရက်ပင်သုသာန် နေရာရှိ အုတ်ဂူဟောင်း များကို သြဂုတ်လ ၂၀ ရက်နေ့ မတိုင်မီ အပြီး ပြောင်းရွှေ့ရမည် ဖြစ်ပြီး မိမိ အစီအစဉ် ဖြင့် အုတ်ဂူများ ဖျက်သိမ်း ပြောင်းရွှေ့ခြင်း၊ အရိုးပြာ များ ရွှေ့ပြောင်းခြင်းတို့ ပြုလုပ်နိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာနက ထုတ်ပြန်ခဲ့သည်။

“မြန်မာက ထင်ရှားတဲ့ သူတွေရဲ့ အုတ်ဂူတွေလည်း အဲဒီ သရက်ပင် သုသာန် မှာ ရှိတယ်။ ထိုင်း အုတ်ဂူတွေတော့ မဖျက်ခိုင်းဘဲ အဲလိုအုတ်ဂူတွေကိုတော့ ဖျက်ခိုင်းမယ်ဆို ကျွန်တော်တို့ ဘယ်ခံမလဲ။ အများဆန္ဒနဲ့ ပွင့်လင်း မြင်သာမှု ရှိအောင် လုပ်ဖို့ လိုတယ်” ဟု အမရပူရမြို့ခံ စိမ်းရောင်စို Activities မှ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ထပ်မံ ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment