Pages

Monday, August 19, 2013

ဘန်ကောက် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ ပြပွဲသို့ တက်ရောက်မည့် မြန်မာကျောက်မျက် လုပ်ငန်းရှင်များ ကျောက်မျက်ရတနာ သယ်ဆောင်ရောင်းချခြင်းအတွက် အခွန်ကင်းလွတ်ခွင့်ရ

သြဂုတ်လ(၁၉)ရက်
Photo: ဘန်ကောက် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ ပြပွဲသို့ တက်ရောက်မည့် မြန်မာကျောက်မျက် လုပ်ငန်းရှင်များ ကျောက်မျက်ရတနာ သယ်ဆောင်ရောင်းချခြင်းအတွက် အခွန်ကင်းလွတ်ခွင့်ရ

19.8.2013

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် (၅၂) ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲသို့ တက်ရောက်မည့် မြန်မာကျောက်မျက် လုပ်ငန်းရှင်များ အနေဖြင့် ကျောက်မျက်ရတနာ သယ်ဆောင်ခြင်းနှင့် ရောင်းချခြင်းအတွက် အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ အနေဖြင့် ထိုင်းနိုင်ငံသို့ ကျောက်မျက်နှင့် လက်ဝတ်ရတနာ တင်သွင်းခြင်းအပေါ် သွင်းကုန်ခွန် ရာခိုင်နှုန်း ၂၀ ကောက်ခံလျက် ရှိနေရာမှ အခွန်ကင်းလွတ်ခွင့် မူဝါဒကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ယခုပြုလုပ်မည့် ကျောက်မျက်ရတနာပြပွဲ မတိုင်ခင် ၁၅ ရက်နှင့် ပြပွဲအပြီး ၁၅ ရက်အတွင်း ကုန်သွယ်မှုများအတွက် သွင်းကုန်အခွန်ကို ပေးဆောင်ရန် မလိုကြောင်း သိရသည်။

"သူတို့ဘက်ကတော့ အခွန်ကင်းလွတ်ခွင့် ပေးမယ်ဆိုပြီး အကြောင်းကြားစာ ပို့တာတွေတော့ ရှိတယ်။ ပြပွဲကိုရောက်မှပဲ တကယ်လက်တွေ့ အခွန်ကောက်မကောက်ဆိုတာ သိရမှာပေါ့။ ဟောင်ကောင်နိုင်ငံမှာ ပြုလုပ်တဲ့ ကျောက်မျက်ပွဲဆိုရင်တော့ မြန်မာကုန်သည်တွေ အနေနဲ့ တက်ရတာ အားရတယ်။ သူတို့ဘက်က ကျောက်မျက်တွေအတွက် ဘာအခွန်မှလဲ မကောက်ဘူး။ လွတ်လပ်စွာ သယ်ယူရောင်းချခွင့် ပေးထားတယ်" ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ပြပွဲသို့ မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှ နိုင်ငံများမှ ကျောက်မျက်လုပ်ငန်းရှင်များလည်း တက်ရောက်လာကြမည်ဖြစ်ရာ သွင်းကုန်အခွန် ကင်းလွတ်ခွင့် ရရှိရန်အတွက် Tai Gem and Jewelry Traders Association မှ ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ဘန်ကောက်ကျောက်မျက်ပြပွဲသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်၍ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံအသီးသီးမှ တက်ရောက်ပြသကြမည့် လုပ်ငန်းရှင်များ ခင်းကျင်းပြသနိုင်ရန်အတွက် ပြခန်းပေါင်း ၃၀၀၀ ကျော် စီစဉ်ထားကြောင်း သိရသည်။

(၄၈) ကြိမ်မြောက် ပြပွဲမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-Bangkok Gems & Jewelry)

Eleven Media Group
(၄၈) ကြိမ်မြောက် ပြပွဲမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-Bangkok Gems & Jewelry)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် (၅၂) ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲသို့ တက်ရောက်မည့် မြန်မာကျောက်မျက် လုပ်ငန်းရှင်များ အနေဖြင့် ကျောက်မျက်ရတနာ သယ်ဆောင်ခြင်းနှင့် ရောင်းချခြင်းအတွက် အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ အနေဖြင့် ထိုင်းနိုင်ငံသို့ ကျောက်မျက်နှင့် လက်ဝတ်ရတနာ တင်သွင်းခြင်းအပေါ် သွင်းကုန်ခွန် ရာခိုင်နှုန်း ၂၀ ကောက်ခံလျက် ရှိနေရာမှ အခွန်ကင်းလွတ်ခွင့် မူဝါဒကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ယခုပြုလုပ်မည့် ကျောက်မျက်ရတနာပြပွဲ မတိုင်ခင် ၁၅ ရက်နှင့် ပြပွဲအပြီး ၁၅ ရက်အတွင်း ကုန်သွယ်မှုများအတွက် သွင်းကုန်အခွန်ကို ပေးဆောင်ရန် မလိုကြောင်း သိရသည်။

"သူတို့ဘက်ကတော့ အခွန်ကင်းလွတ်ခွင့် ပေးမယ်ဆိုပြီး အကြောင်းကြားစာ ပို့တာတွေတော့ ရှိတယ်။ ပြပွဲကိုရောက်မှပဲ တကယ်လက်တွေ့ အခွန်ကောက်မကောက်ဆိုတာ သိရမှာပေါ့။ ဟောင်ကောင်နိုင်ငံမှာ ပြုလုပ်တဲ့ ကျောက်မျက်ပွဲဆိုရင်တော့ မြန်မာကုန်သည်တွေ အနေနဲ့ တက်ရတာ အားရတယ်။ သူတို့ဘက်က ကျောက်မျက်တွေအတွက် ဘာအခွန်မှလဲ မကောက်ဘူး။ လွတ်လပ်စွာ သယ်ယူရောင်းချခွင့် ပေးထားတယ်" ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ပြပွဲသို့ မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှ နိုင်ငံများမှ ကျောက်မျက်လုပ်ငန်းရှင်များလည်း တက်ရောက်လာကြမည်ဖြစ်ရာ သွင်းကုန်အခွန် ကင်းလွတ်ခွင့် ရရှိရန်အတွက် Tai Gem and Jewelry Traders Association မှ ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့်ဘန်ကောက်ကျောက်မျက်ပြပွဲသို့တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရ
တနာ လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်၍ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံအသီးသီးမှ တက်ရောက်ပြသကြမည့် လုပ်ငန်းရှင်များ ခင်းကျင်းပြသနိုင်ရန်အတွက် ပြခန်းပေါင်း ၃၀၀၀ ကျော် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment