Pages

Tuesday, August 13, 2013

အစိုးရနှင့် တအာင်း လွတ်မြောက်ရေးတပ် ယခုလအတွင်း ထပ်တွေ့မည်

သြဂုတ်လ(၁၃)ရက်
Photo: အစိုးရနှင့် တအာင်း လွတ်မြောက်ရေးတပ် ယခုလအတွင်း ထပ်တွေ့မည်

13.8.2013

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားနိုင်ခြင်း မရှိသည့် တအာင်း လွတ်မြောက်ရေး တပ် (TNLA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီတို့ ယခုလအတွင်း ထပ်မံ တွေ့ဆုံ မည် ဖြစ်ကြောင်း
မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ညွန်ကြားရေး
မှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက TNLA တပ်ဖွဲ့သို့ ယခုလအတွင်း ထပ်မံ တွေ့ဆုံရန် စာပေးပို့ထားကြောင်း အဆိုပါ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို TNLA တပ်ဖွဲ့များ အခြေစိုက်ရာ နမ့်ခမ်းမြို့တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးကဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ယင်းသို့ ထပ်မံ တွေ့ဆုံရန် သဘောတူထားပြီး TNLA ဘက်မှ တွေ့ဆုံရန် အဆင်သင့်ဖြစ်သည့် အချိန်တွင် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ထပ်မံ တွေ့ဆုံ ရန် သဘောတူထားသော်လည်း တရားဝင် အကြောင်းကြားစာများ ပေးပို့ ထားခြင်း မရှိသေးကြောင်း TNLA မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

TNLA တပ်ဖွဲ့များနှင့် တပ်မတော်တို့ ဇူလိုင်လ ပထမပတ်အတွင်း တိုက်ပွဲ အချို့ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် သဘော တူညီချက်များ မရရှိသေးပေ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီသည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ပထမအကြိမ် ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးခဲ့သည်။

The Voice Weekly

No comments:

Post a Comment