Pages

Wednesday, August 14, 2013

မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ လက်ပံတောင်းရွာခံ ၁၀၀ ခန့် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်

သြဂုတ်လ(၁၄)ရက်
Photo: မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ လက်ပံတောင်းရွာခံ ၁၀၀ ခန့် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်

13.8.2013

မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ လက်ပံတောင်းရွာခံ ၁၀၀ ခန့် ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်တဲ့အတွက် ဒေါ်နော်အုန်းလှအပါအ၀င် အမျိုးသမီး(၁၀)ဦးကို မုံရွာမြို့၊ အမှတ်(၁)မြို့မရဲစခန်းက ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ မုံရွာမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဆန္ဒပြတဲ့သူတွေအနေနဲ့ ဒေသခံတွေကို ဖိနှိပ်ခံရတာတွေနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် ယခုလိုဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ဆန္ဒထုတ်ဖော်သူတွေက ဆိုပါတယ်။
ဆန္ဒထုတ်ဖော်မှုကို ယနေ့နေ့လည်၂နာရီကစတင်ပြီး ၃ နာရီဝန်းကျင်မှာ အမှတ်(၁)ရဲစခန်းက စတင်ဖမ်းဆီး တာ ဖြစ်တယ်လို့ မုံရွာမြို့၊ မော်ဒန်သတင်းထောက်က သတင်းပေးပို့ပါတယ်။
နောက်ဆုံးရရှိတဲ့သတင်းတွေအရ ယခုအချိန်မှာ မြို့မဂါတ်ကျောင်းတဲအနောက်ပေါက်မှာရဲအင်အား ၁၅ ဦးခန့်ပိတ်ဆို့ဝန်းရံထားပါတယ်။

The Modern News Journal

No comments:

Post a Comment