Pages

Thursday, August 29, 2013

ကျိုင်းတုံမြို့နယ် ကတ်ဝုန်းရွာ၌ ရေလွှမ်းမှု ပြည်သူ့ရဲတပ်ဖွဲ့က ကူညီ


 29.8.2013
 
ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ကတ်ဝုန်းရွာအလယ်ရှိ နမ်ဖူးချောင်း ရေလျှံမှုကြောင့် နေအိမ် ၂၁ လုံး၊ လူဦးရေ ကျား ၅၃ ဦး၊ မ ၆၉ ဦး စုစုပေါင်း ၁၂၂ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပြီး တင်ထက်ရွာရှိ လယ်ဧက ၃ဝ၊ ဝန်ကျန်ရွာရှိ လယ်ဧက ၂ဝ တို့ကို သဲဖုံးလွှမ်းသွားခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့နယ် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များက ကတ်ဝုန်းရွာအတွက် ထောက်ပံ့ငွေကျပ် ၂၇ဝဝဝဝ၊ ဝန်ပေါင်ရွာအတွက် ထောက်ပံ့ငွေကျပ် ၁ဝဝဝဝဝ၊ နောင်ရှဲန်ရွာအတွက် ရေသန့်အတွဲ ၂ဝ တို့ကို ပေးအပ်ခဲ့ကြောင်းနှင့် သစ်ပင်ပိ၍ ဒဏ်ရာ ရရှိခဲ့သည့် ကတ်ဝုန်းရွာနေ ဦးစိုင်းလုံ(၆ဝ) နှစ်မှာ ကျိုင်းတုံပြည်သူ့ ဆေးရုံကြီး၌ ကုသမှုခံယူလျက်ရှိ ကြောင်း သိရှိရသည်။


By သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment