သြဂုတ်လ(၁၄)ရက်
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ၊ ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်းဘေးရှိ နားယောင်းကျေးရွာ၊ အိမ်အမှတ်-၃ ရှိ ပြည်သူ့စစ်ခေါင်းဆောင် အိမ်၌ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီက ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အစောင့်တပ်သားတစ်ဦး သေဆုံး သွားခဲ့ကြောင်း တာလေဝမ်လုံရွာမှ ဦးစိုင်းမင်းထွန်းက ပြောကြားသည်။
“အိမ်အောက်ထပ်မှာထားတဲ့ စစ်ခါးပတ် Equipment မှာ ရှိတဲ့ မိုင်း (ဗုံး) ကွဲတာလို့ သိရတယ်။ သူတစ်ယောက်တည်း ရှိတာပါ၊ အခြားသူတွေ ထိခိုက်တာတော့ မရှိဘူး” ဟု ၎င်းက ဆိုသည်။
သေဆုံးသူမှာ အသက် ၂၂ နှစ်ရှိ သဲမောင်မောင်ဆိုသူဖြစ်ပြီး လက်နှစ်ဖက်ပြတ်၊ ယာဘက်ခြေသလုံး အရိုးအရေ ဆုတ်ပြဲ သေဆုံးကြောင်း တာလေဆေးရုံက အတည်ပြု ပြောကြားသည်။
ပေါက်ကွဲသည့်မိုင်းမှာ လက်လုပ်ဗုံး (ခွန်ဆာလုပ်တိုက်မိုင်း) ဖြစ်ပြီး ယင်းပေါက်ကွဲ သေဆုံးမှုနှင့် ပတ်သက်၍ တာလေရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၀၃ ဖြင့် အမှုဖွင့်လှစ်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း တာလေရဲစခန်းမှ စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment