Pages

Sunday, August 18, 2013

ပြင်သစ်သူတစ်ဦးထံမှခါးပတ်အိတ်လုယူထွက်ပြေးသူကိုဖမ်းမိ



သြဂုတ်လ(၁၈)ရက်

ပြင်သစ်နိုင်ငံသူထံမှ ခါးပတ်အိတ် လုယူထွက်ပြေးခဲ့ သူကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့ ရုံးမှသိရသည်။

ယခုလ (၃)ရက်နေ့က ပြင်သစ်နိုင်ငံသူ Miss.Amilie Schaitt သည်ညောင်ဦးမြို့၊ အမှတ်(၇) ဝက်ကြီးအင်း ရပ်ကွက်၊ ညောင်ဦး-ပုဂံမြို့သစ် ကားလမ်း အနော်ရထာ ကားလမ်းမကြီး၏တောင်ဘက်အနီးရှိ ဆူးလေကုန်း ဘုရားအနီးတွင် ဓာတ်ပုံရိုက်ကူးနေစဉ် ၎င်း၏ခါးပတ်အိတ်အား အမျိုးသားတစ်ဦးမှ လုယူ
ထွက်ပြေးသွားခဲ့သဖြင့် ညောင်ဦးမြို့နယ်မြို့မ ရဲစခန်းမှ (ပ)၉၄/၂၀၁၃၊ ပြစ်မှုပုဒ်မ၃၈၆အရ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

၎င်းနေရာအနီးရှိ လမ်းကြောင်းများကို လိုက်လံစစ်ဆေးရာ အရှေ့တောင်ဘက် ကိုက်(၁၀၀)ခန့် အကွာ လမ်းယာဘက်ရှိ ယာခင်းအနီးတွင် ပျောက်ဆုံးသွားသည့် ပစ္စည်းများထဲမှ ပတ်စပို့စ်စာအုပ်၁အုပ်၊ Credit Card ၁ကဒ်၊ Flight Ticket၁စောင်၊ Bank Account Information တစ်ခုတို့ကို ပျောက်ဆုံးသွားသော ခါးပတ်အိတ်အတွင်း ပြန်လည်တွေ့ရပြီး၊အမေရိကန်ဒေါ်လာ၂၀၀ကျော်နှင့် မြန်မာငွေ၁၀၀၀ကျပ်တို့သာ
 ပျောက်ဆုံးသွားကြောင်း သိရသည်။

လုယက်ခံရသူထံမှ ကျူးလွန်သူ၏ ပုံသဏ္ဍာန်ကို မေးမြန်းကြည့်ရာ ညောင်ဦးမြို့နယ်တွင် နေထိုင်သူ မျိုးမင်းစိုး(ခ)ရဲမင်းစိုး(အဘ)ဦးကျော်သန်းနှင့်အသွင်တူနေ၍၎င်းအားခေါ်ယူစစ်ဆေးခဲ့ရာမှ ပြစ်မှုကျူးလွန်
ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ပြစ်မှုကျူးလွန်သူက သြဂုတ်လ၃ရက်နေ့က ညနေ၄နာရီခွဲ အချိန်ခန့်တွင် ဆူးလေကုန်းဘုရားအနီး လမ်းလျှောက်လာစဉ် နိုင်ငံခြားသူ တစ်ဦးတည်း ဓါတ်ပုံရိုက်နေကြောင်းတွေ့ရ၍ အိတ်အားလုယူ ထွက်ပြေးခဲ့ကြောင်း၊ အိတ်အတွင်းမှ ဒေါ်လာ၂၃၄ဒေါ်လာကိုတွေ့ရ၍ ၁၃၄ဒေါ်လာအားညောင်ဦးမြို့ဈေးအတွင်း ဆိုင်သို့မိတ်ဆွေဖြစ်သူ မချိုနွယ်အား သွားရောက်ရောင်းခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့ သည်။

ယင်းပြင်Miss.Amilie Schaitt ၏ အကြွေးဝယ်ကဒ် တစ်ခုကိုလည်း ဖြစ်ပွားသည့် နေရာ၏ တောင်ဘက် တစ်မိုင်ခန့် အကွာတွင် ပြန်လည် တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment