Pages

Tuesday, August 13, 2013

သပိတ်ကျင်း ရွှေတူးဖော်ရေး ဓားပြတိုက်မှု ၁၁ ဦးကို စစ်ဆေး

သြဂုတ်လ(၁၃)ရက်

Photo: သပိတ်ကျင်း ရွှေတူးဖော်ရေး ဓားပြတိုက်မှု ၁၁ ဦးကို စစ်ဆေး

13.8.2013

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရွှေတူးဖော်ရေး ကုမ္ပဏီ တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ရွှေဗြုန်း ဓားပြတိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၂၅ ဦးထဲမှ ၁၁ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ ကိုးကန့် အောင်နိုင် ကုမ္ပဏီပိုင် ခိုင်ရွှေဝါ ရွှေလုပ်ကွက် အတွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က မျက်နှာဖုံးစွပ် လူတစ်စုက ရွှေပါသော ဗြုန်းမြေစာများ ခိုးယူရန် လာရောက်စဉ် ကုမ္ပဏီ တာဝန်ရှိသူများနှင့် ထိပ်တိုက်တိုးကာ ကုမ္ပဏီ ဝန်ထမ်းများကို ရန်ပြုသဖြင့် နှစ်ဦး ဒဏ်ရာ ရရှိပြီး နှစ်ဦးကို နေရာတွင် ကြိုးဖြင့် တုပ်ထားခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဓားပြမှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ ၂၅ ဦးထဲမှ ၁၁ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး သပိတ်ကျင်း မြို့မ ရဲစခန်းက (ပ) ၂၇၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၅၂/၃၂၅/၃၄၂/၁၁၄/ မှ ပုဒ်မ ၃၉၅ သို့ ပြောင်းလဲ စစ်ဆေး အရေးယူလျက်ရှိပြီး ကျန်ရှိသော တရားခံများကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment