Pages

Thursday, August 29, 2013

မူဝါဒတူသော လုပ်ငန်းစဉ်များတွင် ဗကသနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ပြန်ပေါင်းမည်

29.8.2013

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားကို အစိုးရတာဝန်ရှိသူများ ဖိတ်ကြားမှုအပေါ် သဘောထားကွဲမှုများ ဖြစ်ပေါ်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ မူဝါဒတူညီသော လုပ်ငန်းစဉ်များတွင် ပြန်လည် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့၏ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက The Voice သို့ ပြောကြားသည်။

ငြိမ်းချမ်းရေနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ကျောင်းသားများအရေးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျှင် ဗကသအဖွဲ့က ပြန်လည်ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂသည် သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ သုံးရက်တိုင် ကျင်းပသော ရှစ်လေးလုံး ငွေရတုပွဲတွင် အစိုးရအဖွဲ့ဝင်များကို ဖိတ်ကြားခဲ့သောကြောင့် ငွေရတုပွဲ ကျင်းပရေး ကော်မတီမှ နုတ်ထွက်ခဲ့ပြီး အဆိုပါ ငွေရတုအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုများတွင် မူဝါဒ မတူညီလျှင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ခွင့် ရှိကြောင်း၊ ယင်းကဲ့သို့ နုတ်ထွက်သွားရန် တိုက်တွန်းခဲ့ခြင်း မရှိကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ပြောကြားသည်။

“ပြန်ပြီးပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် တံခါးကို အမြဲဖွင့်ထားပါတယ်၊ ဝင်လာဖို့က အဓိကပါ” ဟု ၎င်းကဆိုသည်။

ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အခြားအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနား ကျင်းပရေး ကော်မတီတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက် ကျောင်းသားများ ပါဝင်ခဲ့ကြောင်း အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment