Pages

Friday, August 23, 2013

အာဏာရှင်ဟောင်းတဦး အကျဉ်းထောင်က ပြန်လွတ်လာ



သြဂုတ်လ(၂၃)ရက်
Photo: အာဏာရှင်ဟောင်းတဦး အကျဉ်းထောင်က ပြန်လွတ်လာ

23.8.2013

အီဂျစ်သမ္မတဟောင်း ဟိုစနီ မူဘာရက်ဟာ အသနားခံစာတင်သွင်းခဲ့အပြီး အာမခံနဲ့ အကျဉ်းထောင် က ယမန်နေ့က ပြန်လည် လွတ်မြောက်လာပါပြီ။ ဒါဟာ အီဂျစ်နိုင်ငံမှာ နှစ်ပေါင်း များစွာ အာဏာကို ချုပ်ကိုင်ထားခဲ့တဲ့ အာဏာရှင်ဟောင်း တယောက်ရဲ့ အကျဉ်းထောင်တွင်းက ပြန်လည်
လွတ်မြောက် လာခြင်းဖြစ်ပါတယ်။

သူ့ကို ကိုင်ရိုမြို့က တိုရာ အကျဉ်းထောင်မှာ ထိမ်းသိမ်းထားတာဖြစ်ပြီး အကျဉ်းထောင်တွင်း ဆေးရုံကနေ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။

အကျဉ်းထောင်ကို ရဟတ်ယာဉ်ဆိုက်ရောက်လာချိန်မှာ အကျဉ်းထောင်
ပြင်ပမှာ မူဘာရက် ကို ထောက်ခံ သူတွေက အလံတွေ ဝှေ့ယမ်းပြီး ကြိုဆိုနေသူတွေ ရှိကြသလို ရဟတ်ယာဉ်ဟာ မူဘာရက်ကို မြို့တော်မှာ ရှိတဲ့ စစ်ဆေးရုံကိုလွှဲပြောင်းလိုက်တာလဲ ရုပ်/သံတခုမှာ ဖော်ပြထားပါတယ်။

သူ့ကို မထောက်ခံသူတွေအတွက်တော့ မူဘာရက် လွတ်လာခြင်းအပေါ် စိတ်မသက်မသာ ဖြစ်ကြရတာပါ။

အခု လက်ရှိ အီဂျစ်ရဲ့ ၀န်ကြီးချုပ် Hazem el-Beblawi ကတော့ မူဘာ
ရက်အခုလို ပြန်လွတ်ပြီးနောက်ပိုင်း သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ ထားမှာလို့ ပြောထားပါသေးတယ်။

အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ မူဘာရက်ဟာ အဂတိလိုက်စားမှုအပါအ၀င် လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းက ဆန္ဒပြသူတွေကို သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။

အခုလို အကျဉ်းထောင်တွင်းက မူဘာရက် ပြန်လည် လွတ်မြောက်
လာတာဟာ အီဂျစ်မှာ မွတ်စလင် အခြေခံ ၀ါဒီတဦးလည်း ဖြစ်တဲ့ သမ္မတ မော်စီကို ဖြုတ်ချပြီး စစ်တပ် က အာဏာသိမ်းပြီး ဖြစ်ပေါ်လာ
တာပါ။

အီဂျစ်စစ်တပ်ဟာ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာဘဲ အရပ်ဘက် အစိုးရကို အာဏာပြန်လွှဲပြီး နောက်ပိုင်း ဆက်ဖြစ်နေ တဲ့ မွစ်စလင်
အခြေခံ ၀ါဒီတွေနဲ့ သမ္မတ မော်စီ ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုတွေ
အပေါ် စစ်တပ်က ပစ်ခတ် သတ်ဖြတ်မှုတွေ သေဆုံးမှုတွေ မြင့်တက်နေ
ချိန်နဲ့လည်း မူဘာရက် ပြန်လည် လွတ်မြောက်လာတာ တိုက်ဆိုင်နေ
ပါတယ်။

စစ်တပ်က သွေးချောင်းစီးသတ်ဖြတ်နေမှုများကြောင့် အခုထိလည်း ဆန္ဒပြသူတွေနဲ့ အစိုးရအပါအ၀င် အီဂျစ်စစ်တပ် အကြား တင်းမာမှုတွေဟာ အရမ်းမြင့်မားနေတာကြောင့် အမေရိကန်ကလည်း ကိုင်ရိုမြို့မှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို နေအိမ်တွေရဲ့ အပြင်မထွက်ဖို့ သတိပေး
ထားတယ်လို့ အေပီ သတင်းတပုဒ်ကလည်း ဆိုပါတယ်။

ဧရာဝတီblog

http://www.myanmaronlinenews.net/2013/08/blog-post_6548.html
အီဂျစ်သမ္မတဟောင်း ဟိုစနီ မူဘာရက်ဟာ အသနားခံစာတင်သွင်းခဲ့အပြီး အာမခံနဲ့ အကျဉ်းထောင် က ယမန်နေ့က ပြန်လည် လွတ်မြောက်လာပါပြီ။ ဒါဟာ အီဂျစ်နိုင်ငံမှာ နှစ်ပေါင်း များစွာ အာဏာကို ချုပ်ကိုင်ထားခဲ့တဲ့ အာဏာရှင်ဟောင်း တယောက်ရဲ့ အကျဉ်းထောင်တွင်းက ပြန်လည်လွတ်မြောက် လာခြင်းဖြစ်ပါတယ်။

သူ့ကို ကိုင်ရိုမြို့က တိုရာ အကျဉ်းထောင်မှာ ထိမ်းသိမ်းထားတာဖြစ်ပြီး အကျဉ်းထောင်တွင်း ဆေးရုံကနေ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။

အကျဉ်းထောင်ကို ရဟတ်ယာဉ်ဆိုက်ရောက်လာချိန်မှာ အကျဉ်းထောင်ပြင်ပမှာ မူဘာရက် ကို ထောက်ခံ သူတွေက အလံတွေ ဝှေ့ယမ်းပြီး ကြိုဆိုနေသူတွေ ရှိကြသလို ရဟတ်ယာဉ်ဟာ မူဘာရက်ကို မြို့တော်မှာ ရှိတဲ့ စစ်ဆေးရုံကိုလွှဲပြောင်းလိုက်တာလဲ ရုပ်/သံတခုမှာ ဖော်ပြထားပါတယ်။

သူ့ကို မထောက်ခံသူတွေအတွက်တော့ မူဘာရက် လွတ်လာခြင်းအပေါ် စိတ်မသက်မသာ ဖြစ်ကြရတာပါ။

အခု လက်ရှိ အီဂျစ်ရဲ့ ၀န်ကြီးချုပ် Hazem el-Beblawi ကတော့ မူဘာရက်အခုလို ပြန်လွတ်ပြီးနောက်ပိုင်း သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ ထားမှာလို့ ပြောထားပါသေးတယ်။

အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ မူဘာရက်ဟာ အဂတိလိုက်စားမှုအပါအ၀င် လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းက ဆန္ဒပြသူတွေကို သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။

အခုလို အကျဉ်းထောင်တွင်းက မူဘာရက် ပြန်လည် လွတ်မြောက်လာတာဟာ အီဂျစ်မှာ မွတ်စလင် အခြေခံ ၀ါဒီတဦးလည်း ဖြစ်တဲ့ သမ္မတ မော်စီကို ဖြုတ်ချပြီး စစ်တပ် က အာဏာသိမ်းပြီး ဖြစ်ပေါ်လာတာပါ။

အီဂျစ်စစ်တပ်ဟာ အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာဘဲ အရပ်ဘက် အစိုးရကို အာဏာပြန်လွှဲပြီး နောက်ပိုင်း ဆက်ဖြစ်နေ တဲ့ မွစ်စလင်အခြေခံ ၀ါဒီတွေနဲ့ သမ္မတ မော်စီ ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုတွေအပေါ် စစ်တပ်က ပစ်ခတ် သတ်ဖြတ်မှုတွေ သေဆုံးမှုတွေ မြင့်တက်နေချိန်နဲ့လည်း မူဘာရက် ပြန်လည် လွတ်မြောက်လာတာ တိုက်ဆိုင်နေ
ပါတယ်။

စစ်တပ်က သွေးချောင်းစီးသတ်ဖြတ်နေမှုများကြောင့် အခုထိလည်း ဆန္ဒပြသူတွေနဲ့ အစိုးရအပါအ၀င် အီဂျစ်စစ်တပ် အကြား တင်းမာမှုတွေဟာ အရမ်းမြင့်မားနေတာကြောင့် အမေရိကန်ကလည်း ကိုင်ရိုမြို့မှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို နေအိမ်တွေရဲ့ အပြင်မထွက်ဖို့ သတိပေးထားတယ်လို့ အေပီ သတင်းတပုဒ်ကလည်း ဆိုပါတယ်။

ဧရာဝတီblog

http://www.myanmaronlinenews.net/2013/08/blog-post_6548.html

No comments:

Post a Comment