သြဂုတ်လ(၇)ရက်
ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါး (လူမှုရေး ခက်ခဲ) သည့် မြို့နယ် လေးခုတွင်
တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ ဝန်ထမ်းများကို လစာ နှစ်ဆ
တိုးမြှင့်ပေးရန် ပြည်ထောင်စု အစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ကားလမ်းများ မရှိဘဲ ရေလမ်းများကိုသာ အဓိက အားထားရပြီး လမ်းပန်း ဆက်သွယ်ရေး
ခက်ခဲသည့် မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောမြို့နယ်တို့ရှိ
နိုင်ငံ့ ဝန်ထမ်းများကို လစာ နှစ်ဆ တိုးမြှင့်ရန် တောင်းဆိုရန် စီစဉ်ခြင်း
ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။
“ဒီမြို့ လေးမြို့က
သွားရေး လာရေး ခက်ခဲတယ်။ ပြည်မက ဝန်ထမ်းတွေ လည်း ဒီဒေသတွေမှာ တာဝန်
ထမ်းရတာ အခက်အခဲ ဖြစ်ကြောင်း ပြောဆို ထားကြတယ်” ဟု ရခိုင်ပြည်နယ်
အစိုးရအဖွဲ့မှ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက
ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် လူမှုရေး ခက်ခဲသည့် ဒေသဟု
သတ်မှတ်ထားသည့် မာန်အောင်၊ မောင်တော၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲတို့ရှိ
ဝန်ထမ်းများမှာ လစာ နှစ်ဆ ရရှိနေကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ
သိရှိရသည်။
ရခိုင်ပြည်နယ်ရှိ အဆိုပါမြို့နယ် လေး မြို့နယ်သည်
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ရခိုင်နှင့် ဘင်္ဂါလီများ နေထိုင်သည့်
နေရာ ဖြစ်သဖြင့် အချို့နေရာများတွင် လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း
ဒေသခံများ ကို မေးမြန်းချက်အရ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment