Pages

Monday, August 26, 2013

မူးယစ်ဆေးရောင်းသူများကို ရဲမဖမ်း



ရဲများက လာဘ်ငွေယူ၍ မူးယစ်ဆေးဝါး ရောင်းချခွင့် ပြုထားသောကြောင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မန့်ဟျိုးမြို့နယ်ခွဲ နောင်ခိုကျေးရွာအတွင်း၌ မူးယစ်ဆေးအရောင်းအဝယ်တွင်ကျယ်နေကြောင်း ဒေသခံများ အဆို အရ သိရသည်။

အိမ်ခြေ ၈၀ ဝန်းကျင်ခန့်ရှိသည့် နောင်ခိုကျေးရွာ၌ ရာမ (ခေါ်) စိတ်ကြွရူးသွပ်ဆေး နှင့် ဘိန်းဖြူရောင်းသူ ၆ ဦး ခန့်ရှိသည်ဟု ဆိုသည်။

အဆိုပါရွာအတွင်း မူးယစ်ဆေးရောင်းချခွင့်ရရန် မန့်ဟျိုးရဲစခန်းမှူးထွန်းမျိုးဇော်ထံ တစ်လကျပ် ၂၀၀၀၀ ဝန်းကျင် လာဘ်ထိုးရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ (တိုက်နယ်မှူးက ထွန်းမျိုးဇော် (ခေါ်) ကျားလေး ဒုတိုက်နယ်မှူးကအောင်မျိုးဦး နောင်ခိုရွာမှာ သူတို့ကို ရာမ ၊ ဘိန်းဖြူ အခွန်ဆောင်ပြီးအရောင်း အဝယ်ဖြစ်နေတာ နံမယ်ရှိတဲ့သူက တစ်လ ၂၀၀၀၀ နံမယ်သိပ် မရှိတဲ့သူကတစ်လ ၁၅၀၀၀ ပေးရတယ် ) ဟု သူကဆိုသည်။

ထိုသို့ လာဘ်ငွေပေးထားသဖြင့် ရဲက နောင်ခိုရွာအတွင်း မူးယစ်ဆေးလွတ်လပ်စွာရောင်းဝယ်သုံးစွဲခွင့်ပြု ထားပြီး အနီးဝန်းကျင်ရွာများနှင့် နယ်မြေခြင်းဆက်နေသည့် တရုတ်ဘက်ခြမ်းမှ မူးယစ်ဆေးသုံးစွဲသူများ နေ့စဉ်လာ ရောက်ကြကြောင်း သိရသည်။ (နောင်ခိုရွာက လူတွေဆိုရင် အဖမ်းအဆီးအစစ်အဆေးမရှိ လွတ်လွတ် လပ်လပ် ရောင်းဝယ်ခွင့်ပေးထားတယ် ဘေးနားက တာကျန့်၊ နောင်မွန်းရွာတွေကလည်းလာတယ်တရုတ် ဘက်ခြမ်းက လည်းလာဝယ်ကြတယ်) ဟု ဆက်ပြောသည်။

တရုတ်နယ်စပ် မန့်ဟျိုးရဲစခန်းတွင် တာဝန်ထမ်းဆောင်ရန်အတွက်ရဲအရာရှိတစ်ဦးလျှင် အထက်သို့ ကျပ် ၃ သိန်း လာဘ်ထိုးရကြောင်းဒေသခံများကဆိုသည်။

အလားတူ နမ့်ခမ်းမြို့ ပေါက်လေရပ်ကွက် ဟိုနမ့်ခမ်းဖေါင်ဟု ဆိုသည့်နေရာတွင် ရာမ၊ ဘိန်းဖြူများ လွတ်လပ်စွာ ရောင်းချနေပြီးမူးယစ်ဆေးသုံးစွဲရန် အဆိုပါနေရာ၌ တဲငယ် ၂၁ လုံး ဆောက်လုပ် ထားသည်ဟုဆိုသည်။

အဆိုပါဟိုနမ့်ခမ်းဖေါင်တွင် မူးယစ်ဆေးရောင်းချခွင့်ရရန်နမ့်ခမ်းရဲစခန်းသို့ တစ်လ ကျပ်တစ်သောင်းပေးရကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် မှကူးယူဖော်ပြသည်

No comments:

Post a Comment