Pages

Monday, August 19, 2013

လားရှိုးတွင် သတင်းစာဆရာများ ကွန်ရက်ဖွဲ့

သြဂုတ်လ(၁၉)ရက်
Photo: လားရှိုးတွင် သတင်းစာဆရာများ ကွန်ရက်ဖွဲ့

19.8.2013

ရှမ်းပြည်နယ် လားရှိုးမြို့တွင် သြဂုတ်လ ၁၇ ရက်နေ့က လားရှိုးသတင်းစာ ဆရာများကွန်ရက် (ယာယီ) ကို သတင်းစာဆရာ ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း အဆိုပါကွန်ရက်မှ သိရှိရသည်။

သတင်းစာဆရာ အချင်းချင်းတစ်ဦးနှင့်တစ်ဦး ပူးပေါင်းကာ သတင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ အပြန်အလှန် လေးစားစွာဖြင့် သာရေးနာရေး ကိစ္စရပ်များတွင် ကူညီရိုင်းပင်းရန် ရည်ရွယ်ပြီး အဆိုပါကွန်ရက်ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သတင်းစာဆရာ စံဇာဏီအောင် (လားရှိုး) က ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် လားရှိုး သတင်းစာဆရာများ ကွန်ရက်ကို တရားဝင် အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ဖွဲ့စည်း ဆောင်ရွက်နိုင်ရန်အတွက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အမှုဆောင်နှစ်ဦး ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ ငါးဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရှိရသည်။ 

နေမျိုးနွေ

The Voice Weekly

No comments:

Post a Comment