Pages

Monday, August 12, 2013

နယူးဇီလန် နို့ထွက်ပစ္စည်းကုမ္ပဏီကြီး သီရိလင်္ကာတွင် အကျပ်အ တည်းနှင့်ရင်ဆိုင်နေရ


သြဂုတ်လ(၁၂)ရက်

နယူးဇီလန် (New Zealand) နိုင်ငံ၏ နို့ထွက်ပစ္စည်းလုပ်ငန်း ကုမ္ပဏီကြီးဖွန့်တယ်ရာ (Fonterra) ၏နို့မှုန့်များတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသုံး ဓါတုဗေဒပစ္စည်းများ ပါဝင်နေသည်ဟု သီရိလင်္ကာ (Sri Lanka) နိုင်ငံက စွပ်စွဲလိုက်သဖြင့် ဖွန့်တယ်ရာကုမ္ပဏီမှာ ထိုးနှက်ချက်အသစ်တစ်ခုနှင့် ရင်ဆိုင်နေရကြောင်း သြဂုတ် ၁၁ ရက်က အေအက်ဖ်ပီသတင်းဌာ နမှ ဖော်ပြထားသည်။

ဖွန့်တယ်ရာကုမ္ပဏီ၏ ထုတ်ကုန်များအပေါ်၊ အစာအဆိပ်သင့်ဝေဒနာ (botulism) နှင့်စပ်လျဉ်းသည့် ကမ္ဘာ့စိုးရိမ်မှုများလည်း ရှိနှင့်ပြီးဖြစ်သည်။
ဓါတုဗေဒပစ္စည်း Dicyandiamide (DCD) ပါဝင်ကြောင်း သဲလွန်စတွေ့ရှိရသည်ဟူသည့် စွပ်စွဲချက်များကြောင့် သီရိလင်္ကာအစိုးရ၏ အမိန့်အရ၊ ကုမ္ပဏီသည် နို့မှုန့်ကုန်ပစ္စည်းနှစ်သုတ်ကို ပြန်လည်သိမ်းဆည်း ပြီးဖြစ်သည်ဟု ကုမ္ပဏီမှ စနေနေ့ကပြောခဲ့သည်။

DCD မှာ စားကျက်မြေများတွင် စိုက်ပျိုးမွေးမြူရေးသမားများ အသုံးပြုလေ့ရှိသည့် ဓါတုဗေဒတစ်မျိုးဖြစ်သည်။

DCD မှာအဆိပ်သင့်စေသော ပစ္စည်းမဟုတ်ကြောင်းနှင့် အစားအစာဆိုင်ရာ အန္တရာယ်မဖြစ်ပေါ်စေနိုင်ဟု နယူးဇီလန်အစိုးရ ၀က်ဘ်ဆိုဒ်တစ်ခုကဆိုခဲ့သည်။ သို့ရာတွင် နိုင်ငံတကာ အစားအသောက်ကွပ်ကဲရေး အဖွဲ့များက  အစားအသောက်များတွင် DCD ကြွင်းကျန်ပါဝင်မှုအား မသန့်မပြန့်ဖြစ်မှုအဖြစ်သတ်မှတ်
ားသည်ဟုလည်းနယူးဇီလန်အစိုးရ၀က်ဘ်ဆိုဒ်က ပြောခဲ့သည်။

သို့ရာတွင် သီရိလင်္ကာကျန်းမာရေး ၀န်ကြီးဌာနအနေဖြင့် DCD မှာ “အဆိပ်သင့်စေသည့် ဓါတုပစ္စည်း” တစ်ခုဖြစ်ကာ၊ နို့ထွက်ပစ္စည်းများတွင် မပါဝင်သင့်ဟု သတ်မှတ်ထားသဖြင့် နယူးဇီလန်ကုမ္ပဏီ၏ နို့ထွက် ပစ္စည်းများကို ဈေးကွက်ထဲမှ ပြန်လည်သိမ်းဆည်းသွားရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိ သူ Dharma Wanninayake က ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် ဖွန့်တယ်ရာ ကုမ္ပဏီ၏ပစ္စည်းများမှာ ဈေးကွက် ထဲတွင် အရောင်းရဆုံးသော ပစ္စည်း များဖြစ်သည်။ ဖွန့်တယ်ရာကုမ္ပဏီ၏ ပစ္စည်းများထဲတွင် DCD ပါဝင်သည်ဟူသည့် စွပ်စွဲချက်ကို ကုမ္ပဏီ ကငြင်းဆို
ထားသည်။

အစာအဆိပ်သင့်ဝေဒနာ (botulism) ဖြစ်စေနိုင်သည့် ဘက်တီးရီးယားတစ်မျိုး တွေ့ရှိရသည်ဆိုသည့်စမ်း သပ်ချက်များ ထွက်ပေါ်လာခဲ့အပြီး တွင်၊ ယခုလအတွင်း၌ ဖွန့်တယ်ရာကုမ္ပဏီသည် ၎င်းတို့၏ကုန်ပစ္စည်း အချို့ကို ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များထဲမှ ပြန်လည်သိမ်း ဆည်းမည်ဟု ကြေညာခဲ့သေးသည်။ သို့ရာတွင် သီရိလင်္ကာနိုင်ငံ၏ လုပ်ဆောင်ချက်မှာမူ ထိုအချင်းအရာနှင့် ပတ်သက်မှုမရှိဟုဆိုသည်။

ဖွန့်တယ်ရာကုမ္ပဏီ၏ ကုန်ပစ္စည်းများထဲတွင် DCD ဓါတုဗေဒပါဝင်သည် ဆိုသည့် စွပ်စွဲချက်မှာ မှားယွင်း နေပြီး ရလဒ်များမှာ တိကျမှန်ကန်မှုမ ရှိကြောင်းဆိုခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်းတွင် သီရိလင်္ကာနိုင်ငံသည် ဒေါ်လာ ၃၀၇ သန်းတန်ဖိုးရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းများ
 တင်သွင်းခဲ့ပြီး၊ တင်သွင်းမှုအများ စုမှာ နယူးဇီလန်နှင့် သြစတြေးလျတို့မှ ဖြစ်သည်ဟု ဗဟိုဘဏ်က ဆိုခဲ့သည်။

AFP
မဇ္ဈိမ

No comments:

Post a Comment