Pages

Wednesday, August 14, 2013

ခြောက်ရက်အတွင်း တတိယအကြိမ် ဝန်ကြီးများ ပြောင်းလဲ၊ ခန့်အပ် တာဝန်ပေး



သြဂုတ်လ(၁၄)ရက်

ခြောက်ရက်အတွင်း တတိယအကြိမ်အဖြစ် ဝန်ကြီးများ ပြောင်းလဲခန့်အပ်တာဝန်ပေးမှုအဖြစ် သြဂုတ်လ ၁၃ ရက်တွင် ဒုဝန်ကြီးများကို သမ္မတ ဦးသိန်းစိန်က ခန့်အပ်တာဝန်ပေးလိုက်သည်။

ဝန်ကြီးများ ပြောင်းလဲခြင်း၊ ခန့်အပ်တာဝန်ပေးခြင်းတို့ကို သြဂုတ်လ ၇ ရက်၊ သြဂုတ်လ ၉ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၁၃ ရက်တွင် ခြောက်ရက်အတွင်း တတိယအကြိမ်အဖြစ် ထပ်မံပြုလုပ်လိုက်ခြင်းဖြစ်သည်။

သြဂုတ်လ၁၃ရက်ဒုဝန်ကြီးများခန့်အပ်မှုတွင်ဦးတင်ဦးလွင်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒေါက်တာမြတ်ဦးကို
 မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒေါ်လဲ့လဲ့သိန်းကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အသီးသီး၏ ဒုဝန်ကြီးများအဖြစ် ခန့်အပ်လိုက်သည်။

အနီးစပ်ဆုံး ဝန်ကြီးပြောင်းလဲမှုပြုလုပ်ခြင်းကို သြဂုတ်လ ၉ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးများကို ပြောင်းလဲ တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးမှုတွင် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးအဖြစ် ဒေါက်အောင်ကျော်မင်းကို ခန့်အပ်လိုက်ပြီး ဦးမောင်စံရွှေကို စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးတို့အဖြစ် ခန့်အပ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးစသည့် အခြားသော ဝန်ကြီး ခြောက်ဦးကိုလည်း ပြောင်းလဲတာဝန်ပေးခြင်းဖြစ်သည်။

သြဂုတ်လ ၇ ရက် ဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးမှုတွင် ဦးဇင်ယော်ကို ပို့ဆောင်ရေးဒုဝန်ကြီး၊ ဦးမြင့်ဇော်ကို စွမ်းအင်ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ နှနှစ်ခွဲသက်တမ်းကာလအတွင်း ဝန်ကြီးအရေအတွက် အများဆုံး ခန့်အပ် ပြောင်းလဲတာဝန်ပေးမှုအဖြစ် ဇူလိုင်လ ၂၅ ရက်က ပြုလုပ်ခဲ့သေးသည်။ စွမ်းအင်ဝန်ကြီး၊ စက်မှုဝန်ကြီး၊ နယ်စပ်ရေးရာ၊ ကျန်းမာရေး ဒုဝန်ကြီး၊ ပညာရေး ဒုဝန်ကြီး၊ ပြည်ထဲရေး ဒုဝန်ကြီး စသည့် ဌာနများအတွက် ဝန်ကြီးပေါင်း ၁၇ ဦးကို ပြောင်းလဲ၊ ခန့်အပ်တာဝန်ပေးခဲ့သည်။

Mizzima News

No comments:

Post a Comment