သြဂုတ်လ(၁၈)ရက်

မကြာသေးမီက ထုတ်ဖော်ပြသခဲ့သော ဂျပန်နိုင်ငံ၏ တန်ချိန် ၂၇,၅ဝဝ ရှိ ရဟတ် ယာဉ်တင် ဖျက်သင်္ဘောသစ် Izumo အား တိုက်ဖျက်နိုင်မည့် အသေးစား ရေငုပ်သင်္ဘောများကိုတရုတ် ရေတပ်က တပ်ဖြန့် ချထား သွားနိုင်ကြောင်း ထိုင်ဝမ်မှ စစ်ရေးဆိုင်ရာ လေ့လာသူ Tsai Yi က ဟောင်ကောင် အခြေစိုက် Yazhou Zhoukan မဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့သည်ဟု သြဂုတ် ၁၅ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဂျပန်ရေတပ် အတွက် Izumo သင်္ဘောကို ဖရီးဂိတ် သင်္ဘောတစ်စင်းအဖြစ် ပုံစံရေးဆွဲ ထုတ်လုပ် ခဲ့သော်လည်း ၎င်းသင်္ဘောပေါ်တွင် F-35 II အပေါ့စား တိုက်လေယာဉ် ၁၂ စင်းခန့် သယ်ဆောင်နိုင်သော ကြောင့် ဖျက်သင်္ဘောဟု ခေါ်ဆို သတ်မှတ်ရေးထက် အသေးစား လေယာဉ်တင် သင်္ဘော အဖြစ် ခေါ်ဆိုသင့် ကြောင်းလည်း မဂ္ဂဇင်းတွင် ရေးသားဖော်ပြ ထားသည်။ တရုတ် အသေးစား ရေငုပ်သင်္ဘော များတွင် လေအလျင်ဖြင့် တွန်းကန်မှု (Air- Independent Propulsion) စနစ် တပ်ဆင်ထားသောကြောင့် ဂျပန် နိုင်ငံ၏ Izumo ဖျက်သင်္ဘောအား အကောင်းဆုံး တိုက်ဖျက်နိုင်စွမ်း ရှိမည်ဖြစ်ပြီး ၎င်းအသေးစား ရေငုပ် သင်္ဘောများကို မောင်းသူ မဲ့ ရေအောက်သွား ယာဉ်များ၏ အကူအညီဖြင့် အရှေ့ တရုတ်ပင် လယ်ပြင် အောက်တွင် စောင့်ကြည့် ထောက်လှမ်းမှုများ ပြုလုပ်ရာ၌ အသုံးပြုနိုင် ကြောင်းလည်း သိရသည်။
မြ၀တီ
No comments:
Post a Comment