Pages

Tuesday, August 13, 2013

လစ်ဗျားတွင် အကျဉ်းသား တစ်သောင်းလေးထောင် လွတ်မြောက်နေဆဲ



သြဂုတ်လ(၁၃)ရက်


ပြီးခဲ့သည့် ၂၀၁၁ခုနှစ် မိုမာကဒါဖီအား ဆန့်ကျင်ထကြွမှုအပြီး များပြားသော လစ်ဗျားထိန်းသိမ်းရေးစင်တာများမှ ထွက်ပြေးသွားကြသည့် အကျဉ်းသား တစ်သောင်းလေးထောင်ခန့်သည် လွတ်မြောက်နေ ဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

အရှေ့ပိုင်းမြို့တော်ဘင်္ဂါဇီတွင် ထောင်တွင်း ဆူပူမှုဖြစ်ပွားပြီး အကျဉ်းသား ၁၂၀၀ကျော် လွတ်မြောက်သွားပြီး သုံးပတ်နီးပါးအကြာတွင် ပြည်ထဲရေးနှင့် တရားရေးဝန်ကြီးဋ္ဌာနမှ အရာရှိများသည် အကျဉ်းသားများကို အပြစ် ဒဏ်ပေးနိုင်ရန်အတွက် ထောင်ထဲပြန်လည်ထည့်နိုင်ရန် အတူလုပ်ဆောင်
နေကြကြောင်း” ဝန်ကြီး မိုဟာမက် အယ်ချေးခ်က ပြောကြားသည်။ “သေဒဏ်ပေးခံရသူတွေနဲ့ တစ်သက်တစ်ကျွန်းကျနေသူတွေအပါအဝင် အပြစ်ကျနေတဲ့ ၁၄၀၀၀ ထက်မနည်းတဲ့ အကျဉ်းသားတွေဟာ ထောင် ကနေလွတ်မြောက်သွားပြီးနောက် လုံးဝလွတ်မြောက်နေဆဲဖြစ်ပါတယ်။

ဒီအခြေအနေဟာ လစ်ဗျားရဲ့ပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ချေး ခ် က ပြောကြားသည်။လစ်ဗျားအာဏာပိုင်များသည်လည်း ဥပဒေနှင့်အမိန့် ပြန်လည်ဖော်ဆောင်ရေးအတွက် ရုန်းကန်နေရပြီး ကြာမြင့်စွာအုပ်ချုပ်ခဲ့သည့် အာဏာရှင်ကဒါဖီပြုတ်ကျပြီးချိန်မှစ၍ အမြဲတမ်းရဲများနှင့် စစ်တပ်ဖွဲ့စည်းခဲ့သည်။

သြဂုတ် ၁ ရက်နေ့တွင် ဖြစ်ပွားသည့် နောက်ဆုံးဖြစ်စဉ်တွင် မြို့တော်တွင် တရားရုံးမှ အကျဉ်းထောင်သို့ တရားခံများကို ပြန်လည်ပို့ဆောင်စဉ် ရဲကားတိုက်ခိုက်ခံရခြင်းကြောင့် အကျဉ်းသား ၁၈ ဦးလွတ်မြောက်သွား ခဲ့သည်။၎င်းဖြစ်ရပ်သည် ဘင်္ဂါဇီ အကျဉ်းထောင်တွင်းဆူပူ ပြီး ထောင်ဖောက်မှုဖြစ်ပွားအပြီး တပတ်အတွင်းဖြစ်ပွားခဲ့သည်။ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ထရီပိုလီအနီးတွင် အကျဉ်းသားများ ကို စောင့်ရှောက်ခေါ်ဆောင်လာသည်ကို လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် အကျဉ်းသားတစ်ဦးသေဆုံးပြီး အခြားသူများဒဏ်ရာရရှိခဲ့သည်။

The Myanma Age

No comments:

Post a Comment