Pages

Monday, August 12, 2013

အာဆီယံ ယူ- ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည်

သြဂုတ်လ(၁၂)ရက်
အာဆီယံ ယူ- ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည်
Monday, August 12, 2013

မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (AFF U-16 Championship 2013) အမျိုးသား ဘောလုံးပြိုင်ပွဲကို သြဂုတ် ၂ဝရက်မှ စက်တင်ဘာ ၂ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် တစ်နေ့နှစ်ပွဲနှုန်း လက်ခံ ကျင်းပ သွားမည် ဖြစ်သည်။

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲကို အုပ်စုနှစ်အုပ်စု ခွဲယှဉ်ပြိုင် မည်ဖြစ်ရာ (က) အုပ်စုတွင် မြန်မာ၊ ဗီယက်နမ်၊ သြစ တြေးလျ၊ ကမ္ဘော ဒီးယားနှင့် ဘရူနိုင်းအသင်း၊ အုပ်စု (ခ)တွင် စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှားနှင့်  ဖိလစ်ပိုင် စုစုပေါင်း ၁ဝ သင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။ မြန်မာ ယူ-၁၆ အသင်းကို ပြီးခဲ့သည့် ယူ-၁၅ ပြိုင်ပွဲမှ ကစားသမား များကို အဓိက အခြေခံထားပြီး မန္တလေး၊ နေပြည်တော်၊ ပုသိမ်ဘောလုံး အကယ်ဒမီမှ လူငယ်အများစု ပါဝင်နေသည်။

အသင်းကို ဂျပန်လူမျိုး နည်းပြချုပ် တာရှီးမားက တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။

ပဏာမ လူစာရင်းကို သြဂုတ် ၈ရက်က ထုတ်ပြန် ကြေညာခဲ့ရာ ဂိုး ဆန်းဆက်နိုင်၊ စောဌေး (မန္တလေး အကယ်ဒမီ)၊ ဖုန်းသစ္စာမင်း (နေပြည်တော် အက်စ်စီ အကယ်ဒမီ)၊ နောက်တန်း အောင်သက်စိုး၊ စိုးမိုးထွန်း၊ ရဲရင့်ကို၊ ခိုင်စိုးဦး၊ ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း (မန္တလေး အကယ်ဒမီ)၊ အောင်ဖြိုးသာ၊ ရဲမင်းသူ (နေပြည်တော် အက်စ်စီ)၊ ကျော်ဇင်စိုး (မန္တလေးတိုင်း ဒေသကြီး)၊ အလယ်တန်း သီဟထွန်းကျော်၊ ကျော်လွင်မိုး၊ မျိုးသက်နိုင်၊ ဆန်းသူအောင်၊ အောင်သက်စိုး၊ ဇာနေရသူ၊ ဥက္ကာဘို (မန္တလေး အကယ်ဒမီ)၊ စိုးလွင်လွင် (ရတနာပုံ အကယ်ဒမီ)၊ မင်းသူ (ပုသိမ် အကယ်ဒမီ)၊ မိုးမင်း ဇော် (မန္တလေးတိုင်း ဒေသကြီး)၊ ရှေ့တန်း ဇွဲသက်ပိုင်၊ အောင်ပြည့်ကို၊ ရွှေကို (မန္တလေး အကယ်ဒမီ)နှင့် ဂျွန်ကွေလိ တို့ကို ရွေးချယ်ထားကာ လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်။ မြန်မာ အသင်းသည် ပွဲဦးထွက် အဖြစ် သြဂုတ် ၂ဝ ရက် ည ၆နာရီ ၄၅မိနစ်တွင် ဗီယက်နမ် အသင်းနှင့် ဒုတိယပွဲစဉ် စတင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ နည်းပြချုပ် တာရှီးမားက မိမိတို့အသင်း အဖွင့်ပွဲ ဗီယက်နမ်နှင့် သြစတြေးလျ တို့ကို အဓိကထား ယှဉ်ပြိုင်ရနိုင် ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

ယခုပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ် ရဖူးထားသည့် မြန်မာလူငယ် အသင်းသည် ကိုယ့်မြေကိုယ့် ပရိသတ် ရှေ့တွင် အောင်မြင် မှုများ ထပ်မံရရှိရေး ကြိုးစား ယှဉ်ပြိုင်သွားမည်ဟု ယုံကြည်သလို  ကွင်းအတွင်း လာရောက် အားပေးကြမည့် ပရိသတ် အပေါင်းကလည်း အိမ်ရှင်ပီပီ ယဉ်ကျေးပျူငှာစွာ ကြည့်ရှုအားပေး သွားကြပါဟု တိုက်တွန်း နှိုးဆော် လိုက်ရ ပေသည်။      ။

အုပ်စု(က) မြန်မာအသင်း ပါဝင်သည့် ပွဲစဉ်များ

၂ဝ-၈-၂ဝ၁၃ မြန်မာ - ဗီယက်နမ် ၁၈း၄၅ နာရီ

၂၂-၈-၂ဝ၁၃ မြန်မာ- သြစတြေးလျ ၁၈း၄၅ နာရီ

၂၆-၈-၂ဝ၁၃ မြန်မာ-  ဘရူနိုင်း ၁၈း၄၅ နာရီ

၂၈-၈-၂ဝ၁၃ မြန်မာ- ကမ္ဘောဒီးယား ၁၈း၄၅ နာရီ

မြ၀တီ

No comments:

Post a Comment