Pages

Saturday, August 31, 2013

ရွှေကုမ္ပဏီများ ရွှေပိဿာ နှစ်ရာကျော် သတ္တုတွင်း ဝန်ကြီးဌာနသို့ ပေးရန်ကျန်

31.8.2013

ရွှေတူးဖော်သည့် ကုမ္ပဏီ အချို့က သတ္တုတွင်း ဝန်ကြီးဌာနကို ပေးသွင်း ရမည့် ရွှေ ပိဿာချိန် ၃၀၀ ကျော် ရှိသည့်အနက် ရွှေပိဿာချိန် ၂၃၀ ကျော် သာ ကျန်ရှိတော့ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်အောင်က ပြောကြားသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ခြောက်လပတ် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ အရေးကြီး စစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ သတ္တုတွင်း ဝန်ကြီးဌာန ကို ပြည်သူ့ ငွေစာရင်း ကော်မတီက မေးမြန်းရာ ၎င်းက ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သတ္တုတွင်း ဝန်ကြီးဌာနသို့ ရွှေလုပ်ငန်းရှင်များက ပေးသွင်းရမည့် ရွှေမှာ မတ်လ ၃၁ ရက်နေ့အထိ ၃၂၁ ဒသမ ၂၀၀၄ ပိဿာ ကျန်ရှိသော်လည်း သြဂုတ်လ ၁၅ ရက်နေ့တွင် လုပ်ငန်းရှင်အချို့က ရွှေ ၈၉ ဒသမ ၉၃၂၇ ပိဿာ ပေးသွင်းခဲ့သဖြင့် ရွှေပိဿာ နှစ်ရာကျော်သာ ရရန် ကျန်ရှိတော့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ရွှေ ကြွေးကျန်များကို ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် မတိုင်မီ အပြီးသတ် တောင်းခံရန် သတ္တုတွင်း ဝန်ကြီးဌာနသို့ တိုက်တွန်းကြောင်း ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၁၁ ရက်နေ့က အတည်ပြုထားသည်။

The Voice

No comments:

Post a Comment