Pages

Monday, August 26, 2013

အရွယ် မရောက်သေးသူအား ကားသမားသုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသူ သုံးဦးကို ဖမ်းဆီးစစ်ဆေး၊ ကျန်ရှိသူအား စုံစမ်းနေ


ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်၊ ရှုခင်းသာပတ်လမ်းတွင် နေထိုင်သော ဒေါ်သီတာချို၊ ဆိုင်ကယ်မောင်း တစ်ဦးနှင့် အရွှေဝတ်မှုံတို့ သုံးဦးသည် အရွယ် မရောက်သေးသော အသက်(၁၅)ခန့်ရှိအမျိုးသမီးငယ် တစ်ဦးအား သြဂုတ်လ ၂၃ရက်နေ့က ခေါ်ဆောင်သွားကာ ပဲ ခူးမြစ်ကမ်း၊ ကနောင်ကွေ့မှတ်တိုင် အနီးတွင် ရပ်ထားသော နောက်တွဲမပါ ကွန်တိန်နာတင်ယာဉ် ခေါင်းခန်း အတွင်းသို့ပို့ဆောင် ခဲ့ပြီး ယာဉ်မောင်း သုံးဦးဖြင့် ကာမစပ်ယှက်ရန် ထားခဲ့ကြောင်း (၂၄)ရက်နေ့ တွင် ပြန်ရောက်လာသော အဆိုပါ မိန်းကလေး ထံမှ မိခင်ဖြစ်သူက သိရှိခဲ့ပြီး ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တန်းများ အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၂၉၁/၁၃၊ ပြစ်မှုပုဒ်မ ၃၆၆-က ဖြင့် ယမန်နေ့ က အမှုဖွင့်ခဲ့ပြီး အမှုစစ် ဒုရဲအုပ် ဝဏ္ဏမောင်မောင်မှ ဒေါ်သီတာချိုနှင့်တစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တစ်ဦးအား ဖမ်းဆီးရမိရေး စုံးစမ်းလျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment