လူငယ်များ၏
ဖျော်ဖြေရေးဆိုင်ရာ စိတ်ဖြေမှုများတွင် ဗီဒီယိုဂိမ်းများ၏ အခန်းကဏ္ဍသည်
အရေးပါလာသည့် အလျောက် ယခုအခါ ဂိမ်းကစားသူအား ၎င်းကစားနေသည့် ဂိမ်းအတွင်းသို့
ကိုယ်တိုင် ၀င်ရောက်သွားသလို ခံစားရမည့် နည်းပညာပစ္စည်းသစ်ကို
မိတ်ဆက်လိုက်ကြောင်း သိရသည်။ 3D မျက်နှာပြင် နားကြပ်ပုံစံ တပ်ဆင်ထားသည့်
Oculus Rift နားကြပ်သည် တပ်ဆင်၍ ဂိမ်းကစားသူအား ၎င်းကိုယ်တိုင်
ဂိမ်းအတွင်းသို့ ၀င်ရောက်သွားသကဲ့သို့ ခံစားရစေရန် ထောက်ပံ့ပေးနိုင်သည့်
ပစ္စည်းအမျိုးအစား ဖြစ်ကြောင်း မိတ်ဆက်ထားသည်။ ၎င်းဟန်းဆက်နှင့် အတူ
မျက်နှာပြင် ခုနစ်လက်မ အရွယ်ရှိ စက်ခရင်ပါဝင်လာပြီး ယင်းနှင့် လိုက်ဖက်သည့်
ဂိမ်းများအား ကစားရာတွင် ဂိမ်းကစားသူ၏ ဦးခေါင်းလှုပ်ရှားမှုကို အာရုံခံ
နည်းပညာက နောက်ယောင်ခံလိုက်ကာ ဂိမ်းအတွင်းသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။
ထို့ကြောင့်
မိမိလက်ဖြင့် ကိုင်တွယ်၍ လိုအပ်သည့် နေရာသို့ သွားရောက်ရသည့်
လှုပ်ရှားမှုမျိုးတွင် ဦးနှောက်၏ အမိန့်ပေးမှုဖြင့် ကိုယ်တိုင် မြန်ဆန်စွာ
ရောက်ရှိသွားနိုင်သွားသည့် အချက်များက အချိန်ကိုက် ကစားရသည့်
ဂိမ်းများအတွက် ပိုမို နှစ်လိုဖွယ် ကောင်းကြောင်း ဖန်တီးသူတို့က ဆိုသည်။
ယင်းနားကြပ်အား အိုင်စလန်နိုင်ငံမှ ဂိမ်းဖန်တီးသူ EVR အဖွဲ့အစည်းမှ
ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ပုံစံကြမ်းတွင် ၅ ဒသမ ၆ လက်မအရွယ်
စက်ခရင်ကို မိတ်ဆက်ခဲ့သော်လည်း မျက်နှာပြင် ခုနစ်လက်မ အရွယ်နှင့်
ဈေးကွက်တင်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment